12 May 2024

ရောဂါလက္ခဏာပြင်းထန်ပြီး ကုသပျောက်ကင်းထားသောကိုဗစ်-၁၉ လူနာများအနက် ၃၀% မှ ၅၀ % သည်ပုံမှန်ပြန်ဖြစ်ခြင်းမရှိဘဲ Long COVID သို့မဟုတ် Post COVID-19 Syndrome အခြေအနေခံစား နေရသည်ဟု ထိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်။

ရောဂါလက္ခဏာပြင်းထန်ပြီး ကုသပျောက်ကင်းထားသော ကိုဗစ်-၁၉ လူနာများအနက် ၃၀% မှ ၅၀ % သည်ပုံမှန်ပြန်ဖြစ်ခြင်းမရှိဘဲ Long COVID သို့မဟုတ် Post COVID-19 Syndrome အခြေအနေခံစား နေရသည်ဟု ထိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Post COVID-19 Syndrome ခံစားနေရသောသူများအား ကျန်းမာသန်စွမ်းစေရန်နှင့်ကိုယ်ခံအားပြန်လည်ကောင်းမွန်လာစေရန် အာဟာရဓာတ် ၅ မျိုးပြည့်ဝအောင်စားသုံးပေးရမည်ဟု တိုက်တွန်းထားသည်။

ပရိုတိန်းဓာတ်ပြည့်ဝသည့်အစားအစာ၊ အကျိုးပြုကျူလင်စီပါဝင်သောအစားအစာ၊ အမျှင်ဓာတ်မြင့်မား သောအစားအစာ စသည်တို့ကိုစားသုံးပေးရန် အကြံပြုထားပြီး အဆီအဆိမ့်မြင့်မားသောJunk Food အစားအစာနှင့်အရက်ဘီယာများကိုရှောင်ကြဉ်ရန် ထပ်မံသတိပေးထားသည်။

ထို့ပြင် ကျန်းမာသန်စွမ်းစေပြီး ကိုယ်ခံအားပြန်လည်အားကောင်လာစေသောအစားအစာများကိုလည်းဖော်ပြထားသည်။

ဗီတာမင်စီဓာတ်ပြည့်ဝသော လိမ္မော်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ သံပုရာသီး၊ ခရမ်းချဉ်သီး၊ ငြုတ်ပွ စသည်တို့ကိုအစိမ်းစားသုံးပေးရန် သို့မဟုတ် အချိန်တိုတိုဖြင့်ပြုတ်စား ကြော်စားရန် အကြံပြုထားသည်။

ဗီတာမင်အေဓာတ်ပြည့်ဝသော တိရစ္ဆာန်ကလီဆာ၊ ကြက်ဉအနှစ်၊ နို့နှင့်နို့်ထွက်ပစ္စည်း၊ အစိမ်းရင့်ရောင်အဝါရောင်နှင့်လိမ္မော်ရောင်ဟင်းသီးဟင်းရွက် စသည်တို့ကိုစားသုံးပေးရန်ညွှန်ကြားထားသည်။ ဉပမာ ကင်းပုံရွက်၊ ကန်စွန်းရွက်၊ မုံလာဉနီ၊ ရွှေဖယုံသီး၊ ကန်းစွန်းဉဝါ၊ သင်္ဘောသီးမှည့်။

ဗီတာမင်ဒီပြည့်ဝသည့်အစားအစာများဖြစ်သော တီလားပီးယားငါး၊ တီလားပီးယားနီ၊ မှို၊ ကြက်ဉအနှစ် စသည်တို့ကိုစားသုံးပေးရမည်ဟု ဖော်ပြထားသည်။

ဗီတာမင်အီးဓာတ်ပြည့်ဝသော ဉအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ထောပတ်သီး စသည်တို့ကိုစားသုံးပေးရန် တိုက်တွန်းထားသည်။

ဇင့်ဓာတ်ပြည့်ဝသော အသားအမျိုးမျိုး၊ ကလီဆာ၊ အသည်း၊ ဂုံးကောင်၊ ဆန်လုံးညို စသည်တို့ကိုစားသုံးပေးရန် အကြုံပြုထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS