28 April 2024

,

ဩဇီးအသင်းကို ၂ ဂိုးပြတ်အနိုင်ယူပြီးနောက် အပြာရောင်ဆာမူရိုင်းအသင်း ၇ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်။

အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့် ပွဲစဉ်-၉ အဖြစ် ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဩစတြေးလျအသင်းနဲ့ဂျပန်အသင်းတို့ရဲ့ပွဲစဉ်မှာ ခြေစွာတဲ့အပြာရောင်ဆာမူရိုင်းအသင်းက အိမ်ရှင်အသင်းကို ၂ ဂိုးပြတ်အနိုင်ခဲ့တဲ့နောက်မှာ အုပ်စုဗိုလ်နေရာကိုခုန်တက်ခဲ့အတွက် ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲစလို့ အပြာရောင်ဆာမူရိုင်းအသင်းသမိုင်း တလျှောက် ၇ ကြိမ်ဆက်တိုက်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တာလည်းဖြစ်ပါတယ်။

အုပ်စု (ဘီ)မှာကျရောက်နေတဲ့ ဂျပန်အသင်းဟာ ၉ ပွဲကစားထားတဲ့နောက်မှာ ၂၁ မှတ် ရရှိထားပြီးဆော်ဒီအသင်းကို ၁ မှတ်နောက်ကောက်ချန်ထားနိုင်ခဲ့ပါတယ်။

ဗီယက်နမ်အသင်းကိုအိမ်ကွင်းမှာလက်ခံကစားပြီး ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ကို ကစားရမှာ လည်းဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS