12 May 2024

ဇူလိုင် ၂၉ ရက်၊ ၂၀၂၂

စစ်ကောင်စီကို ချေမှုန်းရေးအတွက် လက်နက်နှင့်ခဲယမ်းများ အကူအညီပေးကြရန်၊ တော်လှန်ရေးရဲဘော် ၄ ဦးကို စစ်တပ်ကသတ်ဖြတ်မှုအပေါ် မကြာမီ စစ်မီး တောက်လောင်မည်ဟု နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ က အရေးပေါ်မိန့်ခွန်းကို ဇူလိုင် ၂၈ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ “ယခုလက်ရှိ မြန်မာနိုင်ငံတော်မှာ အာဏာရူးမင်းအောင်လှိုင်နဲ့ အပေါင်းပါတို့၏လူမဆန်သော တိရိစ္ဆာန်စိတ်ဖြင့် နိုင်ငံသားကောင်း အာဇာနည် ၄ ဦးကို သွေးအေးအေးနဲ့အကြမ်းဖက်သတ်ဖြတ်လိုက်မှုနဲ့ပတ်သက်၍ ပြည်သူပြည်သားများမှာ ယူကျုံးမရခံစားနေရပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့အကြမ်းအဖွဲ့အစည်းဟာ ပြည်သူပြည်သားများအပေါ်လေးစားမှုကင်းမဲ့ပြီး၊ ၄င်းတို့၏အာဏာတည်မြဲရန်အတွက် ကိုယ်တိုင်ရေးဆွဲချမှတ်ထားတဲ့ ဥပဒေများကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ်ကျုးလွန်နေတာကို ခါးသီးစွာမြင်တွေ့နေရပါတယ်။

လူငယ်တွေကို အငြိုးအတေးထားပြီး သတ်ဖြတ်နေခြင်းဟာလည်း ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။ နိုင်ငံတကာကို ဂရုစိုက်ပဲ ထင်ရာဆိုင်းကာ ဆက်လက်သတ်ဖြတ်မှုတွေလုပ်ဆောင်နေပါတယ်။ ဒါဟာ အမှန်တရားဘက်ကရပ်တည်နေတဲ့ လူငယ်တွေကို ခြိမ်းခြောက်နေတာနဲ့တူတယ်ဟု နိုင်ငံတော်သမ္မတဒူဝါလရှီးလ က ပြောပါတယ်။

ဆက်လက်ပြီး “မင်းအောင်လှိုင်ရှိနေသရွေ့ လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေမည်ဖြစ်ကာ ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို တည်ထောင်နိုင်မှာမဟုတ်ဟု ထင်ရှားနေပါတယ်။ ဒီလိုလုပ်တာဟာ စစ်အာဏာရှင်တွေထင်သလို ပြည်သူလူထု့တွေက ကြောက်ရွံ့နေကြမှာမဟုတ်ဘဲ ပိုမိုတွန်းလှန်ဖို့ကို တွန်းအားပေးလိုက်တာဟု နိုင်ငံတော်သမ္မတဒူဝါခရှီးလ က ပြောပါတယ်။

နိုင်ငံတကာကို အကူအညီတောင်းချင်တာက ပြည်သူပြည်သားတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့အသိမှတ်ပြုဆက်ဆံခြင်းမလုပ်ဖို့၊ စစ်ကောင်စီဝင်ငွေပင်မများကိုဖြတ်တောက်ပေးဖို့၊ NUG ကိုတရားဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့၊ ကဏ္ဍအသီးသီးမှာအသုံးပြုဖို့ငွေကြေးများကိုထောက်ပံ့ပေးဖို့၊ လက်နက်ခဲယမ်းများ နည်းပညာများကိုလဲ ထောက်ပံ့ကူညီမှုများပေးကြရန် အလေးနက်တောင်းဆိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ က အရေးပေါ်မိန့်ခွန်းကို ဇူလိုင် ၂၈ ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့အချိန်မှာပြောသွားတာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS