27 April 2024

,

ဇန်နဝါရီ ၃ ရက်နေ့မှာ Dawn က ‘MARY ME’ ဆိုတဲ့ စာတန်းနဲ့ လက်စွပ်ဝတ်ထားတဲ့ စုံတွဲပုံတစ်ပုံကို လူမှုကွန်ရက် ဖြစ်တဲ့ Instagram မှာတင်ခဲ့ပါတယ်။

ဒီပို့စ်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့  သတင်းကောင်းကို  အမြဲစောင့်မျှော်နေခဲ့ကြပါတယ်။ Dawn က propose လုပ်ထားတဲ့လက်စွပ်နဲ့ video clip တစ်ခုကို တင်ခဲ့ပြီး မကြာခင်မှာပဲ HyunA က လက်စွပ်ဝတ်ထားတဲ့ စုံတွဲပုံတစ်ပုံကို သူမရဲ့ Instagram မှာ She said “YES” ဟူသော စာသားနှင့်အတူ ပြန်တင်ခဲ့ပါတယ်။

Dawn နဲ့ HyunA တို့ဟာ တွဲလာတာ 6 နှစ်ကျော်ရှိပြီဖြစ်ပြီး သူတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ပြခဲ့ပါတယ်။ ပြီးတော့ သူတို့က အမြဲတမ်း ပွင့်ပွင့်လင်းလင်း ချိန်းတွေ့ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ခံရတဲ့ Idol စုံတွဲလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေကနေ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အမြဲရရှိစေပါတယ်။ သူတို့စုံတွဲရဲ့ Instagram မှာ တင်ထားခဲ့ပါတယ်။ အထူးသဖြင့် တစ်ယောက်ကိုတစ်ယောက် အမြဲအားပေးနေတဲ့ စုံတွဲလေးရဲ့ သီချင်းတွေကို အတူတူ တွဲပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကြပါတယ်။

SHARE THIS NEWS

OTHER NEWS