10 May 2024

ထိုင်းတွင် လာမည့်မေလမှစ၍ မီတာခကို ၁ ယူနစ်လျင် ၄ ဘတ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဟု စွမ်းအင်လုပ်ငန်းကွပ်ကဲရေးရုံး ဆို။

ထိုင်းတွင် လာမည့်မေလမှစ၍ မီတာခနှုန်းထားကို ၁ ယူနစ်လျင် ၂၃.၃၈ ပြား တိုးမြှင့်ကောက်ခံရန် စွမ်းအင်လုပ်ငန်းကွပ်ကဲရေးဘုတ်အဖွဲ့က အတည်ပြုလိုက်ပြီဟု စွမ်းအင်လုပ်ငန်းကွပ်ကဲရေးရုံး အတွင်းရေးမှူး ခွမ်ကရစ် တွန့်တရာဝါနစ် ကဆိုသည်။

ထို့ကြောင့် လာမည့်မေလမှစ၍ မီတာခကို ၁ ယူနစ်လျင် ၄ ဘတ်နှုန်းထားဖြင့်စတင်ကောက်ခံတော့မည်ဟု ၎င်းကဆိုသည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းမြှင့်တက်သွားပြီး ဓာတ်အားထုတ်လုပ်သည့်ကုန်ကျစရိတ်မြင့်တက်သွားခြင်းကြောင့် မီတာခတိုးမြှင့်ရခြင်းဖြစ်သည်ဟု အတွင်းရေးမှူးက ရှင်းပြသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS