9 May 2024

ဗန်ကောက်အခြေစိုက်မြန်မာသံရုံးမှာ ပတ်စပို့စာအုပ်လာလဲတဲ့သူတွေကို တစ်ရက်တည်းအပြီး

ထုတ်ပေးနေပြီလို့ သိရ။

စာအုပ်သက်တမ်းကုန်​တော့မယ့် ရက်အနည်းငယ်သာကျန်တဲ့စာအုပ်​တွေကို တစ်ရက်အတွင်းမှာ ထုတ်​ပေး​နေတယ်လို့ စာအုပ်လာ​ရောက်ထုတ်တဲ့ မြန်မာနိုင်ငံသား​​တွေထံက သိရပါတယ်။

 

၄င်းက “ကျမ မနက် ၄ နာရီကတည်းက သံရုံးကိုအ​ရောက်လာတယ်။ သံရုံးစဖွင့်ပြီး ၁၅ မိနစ်အကြာမှာ စာအုပ်လုပ်ဖို့ ဓါတ်ပုံရိုက် လက်​ဗွေနှိပ်တာ​တွေလုပ်တယ်။ မနက် ၁၀ နာရီခွဲ​လောက်မှာစာအုပ်ထုတ်ဖို့ လာ​ခေါ်တယ်” စာအုပ်လာလုပ်တဲ့သူတ​ယောက်​​ပြောပါတယ်။

စာအုပ်​တွေသက်တမ်းကုန်​တော့မယ့်အလုပ်သမား​တွေများ​နေလို့ သံရုံးက​နေ စာအုပ်​တွေအမြန်ထုတ်​ပေးလိုက်တာလို့ ​စာအုပ်လုပ်​ပေး​နေတဲ့ သူတ​ယောက်က​ပြောပါတယ်။

ကျ​နော် သိရသ​လောက်ကလာတဲ့သူ​တွေကို​တော့ တရက်အတွင်းမှာ မီရင် မီသ​လောက်​တော့လုပ်​ပေး​နေတာ​တွေ့တယ်။ အရင်ကသံရုံးမှာစာအုပ်လာလဲဖို့ အွန်လိုင်းက​နေ ကုတ်တင်ယူရတယ်။ ခု​တော့ အွန်လိုင်းစနစ်ကို ဦးစားမ​ပေး​​တော့ဘဲ သံရုံးမှာ လူစုလူ​​​ဝေးမဖြစ်ရ​အောင် ဖုန်းဆက်ပြီး ကုတ်တင်နံပါတ် ယူခိုင်းတယ်။ သတ်မှတ်​ပေးတဲ့ရက်မှာလာရင် စာအုပ်ကိုနာရီပိုင်းအတွင်းထုတ်​ပေးတယ်။” လို့ ​သူက ဆက်​ပြောပါတယ်။

 

 

မြန်မာသံရုံးမှာ ယခင်က လူဦး​ရေ ၂၀၀ ​​ကျော်လောက်သာ အကန့်အသတ်နဲ့လုပ်​ပေးရာက​နေ စာအုပ် သက်တမ်း​တွေ ကုန်​တော့မယ့်သူ​တွေ များပြား​နေတာ​ကြောင့် တရက်ကိုလာသမျှသူ​တွေကို မီသ​လောက် လုပ်​ပေး​နေတယ်လို့ သိရပါတယ်။

 

 

တရက်ကို ၄၀၀ က​​နေ ၅၀၀ ​လောက်​တော့ လုပ်​ပေးတယ်။ ဒီတရက်နဲ့မပြီးရင် ​နောက်ရက်လာ လုပ်ခိုင်းတာ​တွေရှိ​တယ်။ အလုပ်သမား​တွေကိုယ်တိုင်လာလုပ်ကြတာ ကုန်ကျစရိတ်ပိုသက်သာတယ်။ လာမယ်ဆိုရင် ဖုန်းဆက်ပြီး ကုတ်တင်နံပါတ်​တော့ယူပါ။ လူအရမ်းများ​နေရင် ထိုင်းကထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းနဲ့မကိုက်ညီမှာစိုးရိမ်ရတယ်။ တရက်တည်းမှာလည်း စာအုပ်ကထု​တ်ပေး​နေတယ်လို့ အဲမှာကူညီ​ဆောင်ရွက်​​ပေး​နေတဲ့ တာ၀န်ခံတစ်ဦးထံက သိရပါတယ်။

 

 

စာအုပ်လဲမည့်သူများအနေဖြင့် သံရုံဖုန်းနံပါတ် ၀၆၂၆၂၈၃၈၉၂ ကိုခေါ်ဆိုပြီး ကုတ်တင်နံပါတ်ယူနိုင်တယ်

လို့သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ

ကိုချစ်(ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS