26 April 2024

,

အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ တရုတ်တိုင်ပေအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အသားစီးရယူနိုင်ခဲ့တဲ့နောက် ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်အသင်း သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်။

၂၀၂၂ အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တရုတ်တိုင်ပေအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ရဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၄၅ မိနစ်အချိန်မှာ ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ တရုတ်တိုင်ပေအသင်းက ပွဲချိန် ၈၂ မိနစ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ ဖိလစ်ပိုင်အသင်းက ၃-၄ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့နောက်မှာတော့ အသင်းသမိုင်းတလျောက် ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ပထမဆုံးအကြိမ် အောင်မြင်ခဲ့ပါတယ်။

ဖိလစ်ပိုင်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ အစဉ်အလာကြီးမားတဲ့ တောင်ကိုရီးယားအသင်း နဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်သလို တဖက်မှာ တရုတ်အသင်းနဲ့ဂျပန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံထားတာဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းဟာ အုပ်စုအဆင့်မှာ အာဆီယံဘုရင်ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်ကွာတားဖိုင်နယ်ကိုတမ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရ အိမ်ရှင်ဩစတြေးလျအသင်းအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင် စတဲ့ဆီမီးဖိုင်နယ်ရောက်အသင်းတို့ခြေစစ်ပွဲအောင်မြင်ထားပြီး တခြားဇုန်းအသင်းတွေနဲ့ပလေးအော့ဖ်ကစားခွင့်ရမယ့် ၂ နေရာကိုတော့ တရုတ်တိုင်ပေ၊ ထိုင်းနဲ့ဗီယက်နမ်အသင်းတို့ ပတ်လည်ကန်းပြီး လုရမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS