4 May 2024

———————-

ဗန်ကောက် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃

ပြည်ပမှာသွားရောက်လုပ်ကိုင်ဖို့အတွက် ပတ်စပို့လိုပါတယ်၊ မြန်မာနိုင်ငံမှာ ပတ်စပို့ရုံးတွေပိတ်ထားတော့ ထိုင်းကိုတရားမဝင်လာသူ ပိုများလာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။

မြန်မာလုပ်သားတွေဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ပတ်စပို့ထုတ်ပေးတာကိုအစိုးရက ရပ်ဆိုင်းလိုက်တာကြောင့် တရားဝင်လမ်းကြောင်းကနေ ပြည်ပထွက်မယ့် မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရဖို့အခွင့်အရေးပါ လွဲချော်ကုန်တယ်လို့ အေဂျင်စီများထံကသိရပါတယ်။

ထိုင်းနယ်စပ်တွေမှာလဲ တရားမဝင်လာတဲ့မြန်မာလုပ်သားတွေကို နေ့စဉ်ဖမ်းမိတဲ့သတင်းတွေ တွေ့နေရသလို ကားတိမ်းမှောက်မှုဖြစ်ပြီးနောက် ဒဏ်ရာတွေနဲ့အဖမ်းခံနေရတာလဲရှိနေပါတယ်။ ပြီးခဲ့တဲ့ တပတ်လောက်က ဖထလွန်ခရိုင်ဘက်မှာ တရားမဝင်မြန်မာ ၃၀ ခန့် စီးလာတဲ့ကား တိမ်းမှောက်မှုဖြစ်ပြီနောက် အဖမ်းခံခဲ့ရပါတယ်။ ကားတိမ်းမှောက်တဲ့နေရာမှာ မြန်မာတစ်ယောက်ကတော့ လက်ကျိုးသွားတယ်လို့ ရဲစခန်းကပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၃ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းတောင်းမြို့နယ်မှာ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ယောက်ကိုဖမ်းမိထားတယ်ဟု ထိုင်းတပ်ရင်း အမှတ် ၃ ကထုတ်ပြန်ပါတယ်။ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား ၂၃ ယောက်မှာ အမျိုးသား ၁၀ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်အပါဝင် လမ်းပြမြန်မာ ၁ယောက်ကိုပါ ဖမ်းမိထားတယ်ဟု ဆိုပါတယ်။

သူတို့တွေဟာ တောလမ်းကနေတဆင့် ချင်းမိုင်ခရိုင်ကိုသွားဖို့လာခဲ့ကြရာမှာ လမ်းမှာထိုင်းစစ်တပ်နဲ့တိုးပြီးအဖမ်းခံရတာဖြစ်ပါတယ်။ ထိုင်းဝင်ရောက်ရာမှာ ကုန်ကျစရိတ် ပွဲစားကို တစ်ယောက်လျှင် ၂၃၀၀၀ ဘတ်ပေးခဲ့ရတယ်ဟု မြန်မာမျာကဆိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS