3 May 2024

,

၁၅ နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် တရုတ်အမျိုးသမီးလက်ရွေးစင်အသင်း ၉ ကြိမ်မြောက် အာရှဖလားချန်ပီယံ ဆွတ်ခူး။

ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တရုတ်အမျိုးသမီးအသင်းနဲ့တောင်ကိုရီးယားအမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်မှာ နောက်ကလိုက်ကစားရတဲ့တရုတ်အသင်းက ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ၂၀၀၆ ခုနှစ်နောက်ပိုင်း အသင်းအတွက်ပထမဆုံးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းက ပွဲကစားချိန် ၂၇ မိနစ်နဲ့ ၄၅+၃ မိနစ်မှာ ၂ ဂိုးအထိဦးဆောင်သွင်းယူထားနိုင်ခဲ့ပေမဲ့ တရုတ်အသင်းဘက်က ပွဲကစားချိန် ၆၈ မိနစ်၊ ၇၂ မိနစ်နဲ့ ၉၃ မိနစ်မှာတွေမှာ ၃ ဂိုးအထိပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်အမျိုးသမီးအသင်းအတွက် ၉ ကြိမ်မြောက်အာရှချန်ပီယံဆုကို အမိအရဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၁၉၈၆၊ ၁၉၈၉၊ ၁၉၉၁၊ ၁၉၉၃၊ ၁၉၉၅၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၆ စတဲ့နှစ်တွေမှာဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS