16 May 2024

Australian Traffic Accident Prevention Center (TAC) သည် ထူးထူးဆန်းဆန်း ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ‘Graham'(ခေါ်) မစ္စတာဂရေဟမ် အမည်ရှိ လူငယ်တစ်ဦး၏ ပုံများကို ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လိုပဲ ကားတိုက်ခံရ မသေဘူးလို့ဆိုပါတယ်။

တကယ်တော့ မစ္စတာဂရေဟမ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ဒါပေမယ့် လူမသေဘဲကားတိုက်ခံရတာကိုခံနိုင်ရည် ရှိတဲ့ လူခန္ဓာကိုယ်ကိုပုံဖော်ဖို့ ခွဲစိတ်ဆရာဝန် Christian Kenfield နှင့် သြစတြေးလျ အနုပညာရှင် Patricia Piccinini တို့ပူပေါင်းကာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း သဘာဝမကျသော အသွင်အပြင် ရှိသော်လည်း အင်္ဂါအစိတ်အပိုင်းတိုင်းသည် တိကျသောပုံသဏ္ဍန်ရှိပြီး ထိုးနှက်မှုအန္တရာယ်များကို ခံနိုင်ရည် ရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။

 

ဥပမာအားဖြင့် ဦးနှောက်သည် အရေးကြီးဆုံး အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ ကားတိုက်ခံရသည့်အခါ ထိတ်လန့် ခြင်းမှကာကွယ်ရန် ကူညီပေးသည့် (သို့မဟုတ် ) အသားဖြင့်တွဲထားသောနံရိုးများ ထိခိုက်မှုကိုစုပ်ယူနိုင်ပြီး ကျိုးသွားခြင်းမှကာကွယ်ပေးပါတယ်။

ဤအလုပ်သည် ဩစတြေးလျရှိ Towards Zero လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များသည် မည်မျှနုနယ်ကြောင်း လူများကိုသတိပေးရန်ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်မည်ဟုမျှော်လင့်ထားပါတယ်။ ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်စေရန် ကားအသစ်များကို တီထွင်ထုတ်လုပ်နေကြသော်လည်း ယာဉ်မောင်းများ၏ ပေါ့ဆမှုကိုလျှော့ချရန်အတွက်မပါဝင်သေးကြောင်း သိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS