8 May 2024

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၉ နှစ်အရွယ်ထိုင်းအမျိုးသမီးတစ်ဦးဟာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာထွက်တဲ့ ထိုင်းထီပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကံထူးရှင် ထိုင်းအမျိုးသမီးဟာ ၎င်းနေထိုင်တဲ့ နခွန်ဖနုံမြို့က သူငယ်ချင်းဖြစ်သူကို ဖေ့ဘွတ်ကတစ်ဆင့် ထီ ၃ စောင်ဝယ်ခိုင်းခဲ့ရာ ထီလက်မှတ် ၃ စောင်အနက် တစ်စောင် ကံထူးပြီး ဘတ် ၆ သန်းဆွတ်ခူးနိုင်ခဲ့တာပါ။

ထီလက်မှတ်ကိုတော့ နယ်မှာရှိတဲ့ အမေဖြစ်သူက နခွန်ဖနုံမြို့ရဲစခန်းတွင် ထီပေါက်ကြောင်း သွားရောက် အကြောင်းကြားပေးခဲ့ပြီး ဝမ်းသာစွာဖြင့် မီဒီယာတွေကို ၎င်းရဲ့သမီးဖြစ်သူမှာ ရည်းစားမရှိသေးဘူးလို့လည်း ကြေညာပေးခဲ့ပါတယ်။

 

 

ကံထူးရှင် အမျိုးသမီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေပြီး မိသားစုကို လစဉ်ထောက်ပံ့နေတာဖြစ်ပါတယ်။

 

 

ထီပေါက်ပြီးနောက် အရင်ဆုံးလုပ်မယ့် ရည်ရွယ်ချက်ကို မေးမြန်းခဲ့ရာ ကံထူးရှင်အမျိုးသမီးက အရင်ဆုံးအနေနဲ့ ၎င်းရဲ့မွေးဇာတိဖြစ်တဲ့ နခွန်ဖနုံခရိုင်မှာ အိမ်နဲ့ခြံ ဝယ်မှာဖြစ်ပြီး သူငယ်ချင်းတွေကို မူကထ အဝကြွေးမှာ ဖြစ်တယ်လို့ ဝမ်းပန်းတသာနဲ့ဖြေဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS