3 May 2024

ထိုင်းအစားအစာတွေမှာဆိုရင် ပုဇွန်အစိမ်းသုတ် ဟာ မမှာဖြစ်မီနူးအဖြစ်ခေတ်စားပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဖစ်စနုတ်လို့ခရိုင်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ကပ်ပါးပိုးမျက်လုံးထဲဝင်ပြီး မျက်လုံးတစ်ဖက် အမြင်အာရုံဆုံးရှုံးသွားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ ပုဇွန်အစိမ်းသုတ် စားရတာကို အရမ်းကြိုက်နှစ်သက်တဲ့သူဖြစ်ကြောင်းသိရပါတယ်။ မျက်လုံးတစ်ဖက်မမြင်ရတော့လို့ ဆေးရုံရောက်လာခဲ့တဲ့ အမျိုးသမီးကို ခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့ဆရာဝန်က ခွဲစိတ်မှုပြုလုပ်စဉ် “မျက်လုံးအတွင်း ၀.၅ ဒဿမ စင်တီမီတာခန့်ရှိတဲ့ ကပ်ပါးကောင် ကို တွေ့ရှိခဲ့ရတာကြောင့် အရမ်းကို အံ့ဩခဲ့ရတယ်လို့ဆိုပါတယ်။

 

 

ယင်းအမျိုးသမီးရဲ့မျက်လုံးမှာ တွေ့ရှိခဲ့ရတဲ့ ကပ်ပါးပိုးဟာ – ခရု၊ ပုဇွန်၊ ဂဏန်း နှင့် ရေချိုငါးတွေမှာ တွေ့ရလေ့ ရှိတဲ့ ကပ်ပါးပိုး ဖြစ်ကြောင်း ဆရာဝန်တွေကအတည်ပြုပါတယ်။

 

 

လူနာရဲ့မိသားစုကို မေးမြန်းချက်အရ လူနာဟာ အစိမ်းသုတ်အစားအစာတွေကို စားသုံးရတာ ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ အထူးသဖြင့် ပုဇွန်အစိမ်းသုတ် ကိုအနည်းဆုံး တစ်ပတ်မှာ တစ်ခါခန့် စားသုံးလေ့ရှိ သူဖြစ်တယ်လို့လည်း လူနာရဲ့မိသားစုကဆိုပါတယ်။

 

 

ဆေးရုံကိုမရောက်လာခင် တစ်ပတ်ခန့်ကတည်းက လူနာဟာ မျက်လုံးတစ်ဖက်ကိုက်တဲ့ ဝေဒနာကို ခံစားနေခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိ ဆရာဝန်တွေက မျက်လုံးထဲက ကပ်ပါးပိုးကို ခွဲစိတ်ကုသပေးပြီး ခဲ့သည့်တိုင် လူနာရဲ့မျက်လုံးထဲက ဆဲလ်တွေကို ကပ်ပါးကောင်က ဖျက်စီးထားခဲ့တာကြောင့် မျက်လုံးတစ်ဖက် အမြင်အာရုံ ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

ပုဇွန်အစိမ်းသုတ် စားခြင်းကြောင့် ကပ်ပါးပိုးမျက်လုံးထဲဝင်တဲ့ ဖြစ်ရပ်မျိုး ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ ခန့်က ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဒီလိုမျိုးရောဂါခံစားနေရတဲ့ လူနာ စုစုပေါင်း ၅၀ ဦးခန့်သာ ရှိတော့ တယ်လို့ အချက်အလက်တွေအရသိရပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူအများစုက အစားအစာတွေကို အစိမ်းစားလေ့ရှိကြတာကြောင့် အသည်းရောဂါဖြစ်ပြီး သေဆုံးမှု လျှော့ချရန် အစားအစာတွေကို ကျတ်အောင်ချက်ပြီး စားသုံးကြဖို့ ဆရာဝန်တွေက တိုက်တွန်းနေခဲ့တာ ဆယ်စုနှစ်ခန့်ကြာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာဖြစ်ပွားခဲ့တဲ့ ဒီအမျိုးသမီးကေ့စ် ကြောင့်လတ်တစ်လောခေတ်စားနေတဲ့ ပုဇွန်အစိမ်းသုတ် အစားအစာတွေကို လျှော့စားကြဖို့ ဆရာဝန်တွေ ကတိုက်တွန်းနေပါတယ်။

SHARE THIS NEWS

OTHER NEWS