26 April 2024

ကရင်ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော်ဒေသမှာ စစ်ပွဲကနေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေ ထောင်ချီပြီးရှိနေပြီး ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ ခြုံစောင်နဲ့ အခင်းတွေ လိုအပ်နေတယ်လို့ လေးကေ့ကော်အုပ်ချုပ်ရေးမှူးရုံးကနေ သိရလို့ DVB သတင်းဌာနကဖော်ပြထားပါတယ်။

 

 

မနေ့ကတော့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင် ၁၀၀၀ ဝန်းကျင်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြ ရတာပါ။ မနေ့ညက စစ်ကောင်စီတပ်သားတွေ လေးကေ့ကော်မြို့တွင်းကနေ ပြန်ဆုတ်ခွာသွားပြီး ပစ်ခတ်မှုတွေ ဒီမနက်အထိ ထပ်မဖြစ်တော့ပေမဲ့ စစ်ကောင်စီတပ်တွေက အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

 

 

Ref: DVB TV News

Photo: Khit Thit Media

SHARE THIS NEWS

OTHER NEWS