26 April 2024

,

အာရှဇုန် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနေတဲ့ အီရန် အသင်းဟာ အာရှဇုန်မှာ ခြေစစ်ပွဲအောင်တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။

ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ကစားနေတဲ့ အစဉ်အလာကြီးမားတဲ့ အရှေ့အလယ်ပိုင်းက အီရန်အသင်းဟာ ၇ ပွဲကစားပြီး တဲ့နောက်မှာ ၁၉ မှတ်ရယူနိုင်ခဲ့တာကြောင့် အုပ်စုတွင်းကအဆင့် ၃ မှာရပ်တည်နေတဲ့ယူအေအီးအသင်း ကို ၁၀ မှတ်ကွာပြီး နောက်ကောက်ချန်ထားနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ရှိုးပွဲမရှိသေးတဲ့အီရန်အသင်းဟာ ၇ ပွဲကစား၊ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရဂိုး ၁၂ ဂိုး၊ ပေးဂိုး ၂ ဂိုး၊ ရမှတ် ၁၉ ဆိုတဲ့ရလဒ်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။

အီရန်အသင်းဟာ အာရှဇုန်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ တောင်ကိုရီယား၊ ယူအေအီး၊ လေဘနွန်၊ အီရတ်၊ ဆီးရီးယား စတဲ့အသင်းတွေ့အတူ အုပ်စု (က) မှာ ကျရောက်နေတာဖြစ်ပါတယ်။

အာရှဇုန်အနေနဲ့ အိမ်ရှင်ကာတာအသင်းကိုထည့်မတွက်လျင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ သင်းခွဲဝင်ရောက် ကစားခွင့်ရရှိမှာဖြစ်တာကြောင့် အုပ်စု ၂ ခုထဲက အုပ်စုဗိုလ်နဲ့အုပ်စုဒုတိယအသင်း ၄ သင်းဟာတိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

အုပ်စုတတိယ ၂ သင်းကတော့ ပလေ့အောဖ် ၂ ကျော့ကစားရမှာဖြစ်ပြီး အသာစီးရယူနိုင်တဲ့အသင်းက တခြားဇုန်ကအသင်းတစ်သင်းနဲ့ပလေးအော့ဖ်ထပ်မံကစားရမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS