26 April 2024

တနင်္ဂနွေသားသမီးများ

ဒီရက်ပိုင်းအတွင်းမှာ ဝင်လာမဲ့ ပြဿနာတွေကို သည်းခံစိတ်ထားပြီး ဖြေရှင်းမှသာ အလွယ်တစ်ကူ ကျော်လွှားနိုင်လိမ့်မယ်။ များပြားလှတဲ့ တာဝန်တွေကြောင့် စိတ်ရောကိုယ်ပါ နွမ်းနယ်ရမယ်။

အလုပ်အကိုင်

လုပ်ငန်းခွင်အတွင်းအစစအရာရာအဆင်ပြေလိမ့်မယ်၊ အလုပ်သစ်တွေဝင်လာလိမ့်မယ်။

ငွေကြေး

မထင်မှတ်ထားတဲ့ ငွေကြေး၊ အချိန်အတန်ကြာစောင့်ဆိုင်းနေရတဲ့ကြွေးမြီတွေပြန်ရကိန်းရှိတယ်။

အချစ်ရေး

လူလွတ်များအချစ်ရေးကံကောင်းလိမ့်မယ်၊ အိမ်ထောင်သည်များ အခုရက်ပိုင်းအတွင်း လက်တွဲဖေါ်ကို ဂရုစိုက်ပေးပါ။

ကျန်းမာရေး

ခံတွင်း၊ အသက်ရှုလမ်းကြောင့်နှင့်ဆိုင်တဲ့ရောဂါဝေဒနာတွေ ခံစားရကိန်းရှိတယ်။

ယတြာ

အနီရောင်အသုံးအဆောင်များအသုံးပြုပြီးကံကိုမြှင်တင်ပါ။

တနင်္လာသားသမီးများ

အမွေရကိန်းရှိတယ်၊ သို့မဟုတ်ငွေကြေးခွဲဝေခြင်းနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေနဲ့ ကြုံဆုံရမယ်၊ ရင်းနှီးထားတဲ့ လုပ်ငန်းများမှ အကျိုးအမြတ်ခံစားရမယ်၊ တင်္နလာသားသမီးတွေ ကံဇာတာမြင့်တက်နေတဲ့ အချိန်ဖြစ်တယ်။

အလုပ်အကိုင်

လုပ်ငန်းခွင်အတွင်း အစအစအရာရာအဆင်ပြေပါလိမ့်မယ်၊ သင့်အပေါ်ကောင်းတဲ့ လုပ်ဖေါ်ကိုင်ဖက်များနှင့် တွေ့ဆုံရမယ်။

ငွေကြေး

ရင်းနှီးမြှပ်နှံထားတဲ့လုပ်ငန်းများမှ အကျိုးအမြတ်ခံစားရမယ်။

အချစ်ရေး

လူလွတ်များ မိမိထက် အသက်ကြီးတဲ့သူနှင့် ဖူးစာဆုံကိန်းရှိတယ်၊ အိမ်ထောင်သည်များ အိမ်ထောင်ရေးအဆင်ပြေပါတယ်။

ကျန်းမာရေး

အသက်ရှုလမ်းကြောင်း၊ အဆုပ်နှင့်ပတ်သက်တဲ့ ရောဂါဝေဒနာခံစားရနိုင်တယ်။

ယတြာ

တိရိစ္ဆာန်များကို အစာကျွေးခြင်းဖြင့် ကံဇာတာမြှင့်တင်ပါ။

အင်္ဂါသားသမီးများ

အခုရက်ပိုင်းအတွင်းမှာ အကြီးအကဲများနှင့် တွေ့ဆုံပြီး အလုပ်ကိစ္စဆွေးနွေး ပြောဆိုရကိန်းရှိတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာများ မိတ်ဆွေများရဲ့ အကူအညီဖြင့် ကျော်လွှားနိုင်မယ်။

အလုပ်အကိုင်

ရာထူးတိုးကိန်းရှိတယ် မိမိရထားတဲ့ တာဝန်များကို ကျေပြွန်အောင် လုပ်ဆောင်ပါ။

ငွေကြေး

ငွေအမြောက်အများသုံးရကိန်းရှိတယ် ချွေတာလို့ရတဲ့ အရာတွေကိုချွေတာပါ။

အချစ်ရေး

မိမိထက် အသက်ကြီးတဲ့သူနှင့် ဖူးစာဆုံရကိန်းရှိတယ်၊ အိမ်ထောင်သည်များ အလုပ်ကိစ္စများကြောင့် အလှမ်းဝေးနေလိမ့်မယ်။

ကျန်းမာရေး

လမ်းခရီးသွားခြင်းမှ မတော်တစ်ဆဖြစ်နိုင်တယ် သတိထားပါ။

ယတြာ

မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကျဲခြင်းဖြင့် ကံဇာတာမြှင့်တင်ပါ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တောအတွင်း ပြဿနာများစွာနှင့် ရင်ဆိုင်ရမယ် စိတ်တွေမွန်းကျပ်နေရမယ် စိတ်တည်ငြိမ်ဖို့လိုမယ် ပြဿနာများကို အာရုံစိုက်ပြီး ဖြည်းဖြည်းချင်းဖြေရှင်းပါ။ စိတ်နှင့် ဆန္ဒတစ်ထပ်တည်းမကျတာတွေဖြစ်ရလိမ့်မယ်။

အလုပ်အကိုင်

အလုပ်ကိစ္စတွေ ညှိနှိုင်းဆွေးနွေးရကိန်းရှိတယ် အလုပ်တွေကို အရင်ကထက် တစ်စိုက်မတ်မတ် လုပ်ရလိမ့်မယ်။

ငွေကြေး

ငွေအဝင်အထွက် မှန်းထားတာနှင့်မကိုက်ဘဲဖြစ်နေလိမ့်မယ် စာရင်းဇယားနှင့် ငွေကြေးကိုခန့်ခွဲပါ။

အချစ်ရေး

လူလွတ်များအချစ်ဟောင်းနှင့်ပြန်လည်ဖူးစာဆုံနိုင်တယ်၊ အိမ်ထောင်သည်များ ရန်ဖြစ်စကားများကိန်းရှိတယ်။

ကျန်းမာရေး

စိတ်ဖိစီးမှုများတာကြောင့် စိတ်ကျရောဂါခံစားရနိုင်တယ်။

ယတြာ

အားလပ်ချိန်မှာ တရားမှတ်ပါ။

ကြသပတေးသားသမီးများ

ရင်းနှီးမြှပ်နှံထားတဲ့ လုပ်ငန်းများမှ အကျိုးအမြတ်ခံစားရမယ် လုပ်ငန်းချဲ့ကားလုပ်ကိုင်ရကိန်းရှိတယ် မိတ်ဆွေအပေါင်းအသင်းများအကူအညီဖြင့် ပြဿနာတွေကို ကောင်းစွာဖြေရှင်းနိုင်မယ်။

အလုပ်အကိုင်

လုပ်ငန်းခွင်တွင်းစိတ်ဖိစီးမှုတွေနှင့် ကြုံရမယ်၊ အလုပ်သစ်ရကိန်းရှိနေတယ်၊ ဒါကြောင့် အချိုးအကွေ့တစ်ခုမှာ စွန့်စားကြည့်ပါ။

ငွေကြေး

စုသမျှမလောက်အောင် ထွက်ငွေများနေမယ် ငွေအဝင်အထွက်သိအောင် စာရင်းလုပ်ပြီး အသုံးအဖြုန်းလျှော့သင့်တဲ့နေရာမှာ အသုံးအဖြုန်းလျှော့ပါ။

အချစ်ရေး

လူလွတ်တွေအနေနဲ့ စိတ်သက်သာရရနေလိမ့်မယ်၊ အိမ်ထောင်သည်များ အိမ်ထောင်သည်များ ရန်ဖြစ်စကားများကိန်းရှိတယ်။

ကျန်းမာရေး

လျှပ်စစ်နှင့်ပတ်သက်လို့ မတော်တစ်ဆဖြစ်နိုင်တယ် သတိထားရှိပါ။

ယတြာ

မိမိရဲ့မွေးနေ့မှာဆွမ်းလောင်းလှူပေးပါ။

သောကြာသားသမီးများ

ဒီရက်အတောတွင်း သတင်းကောင်းကြားရမယ်၊ အလုပ်အကိုင်အဆင်ပြေမယ် ရင်းနှီးမြှပ်နှံထားတဲ့လုပ်ငန်းများမှ အကျိုးခံစားရမယ်။

အလုပ်အကိုင်

လုပ်ငန်းခွင်တွင်းရာထူးတိုးကိန်းရှိတယ်။

ငွေကြေး

အိမ်ပြုပြင်ရန်အတွင် အရေးတစ်ကြီးငွေသုံးရကိန်းရှိတယ်။

အချစ်ရေး

လူလွတ်များ အထီးကျန်ရမယ်။

ကျန်းမာရေး

အရိုးအစစ်ကိုက်ခဲခြင်း စတဲ့ ဝေဒနာတွေခံစားရနိုင်တယ်။

ယတြာ

ဆေးရုံသို့ရေသန့်လှူပါ။

စနေသားသမီးများ

ဒီရက်ပိုင်းအတွင်း ပြဿနာအချို့ကြောင့် မွန်းကျပ်နေရမယ်၊ စိတ်တွေလေလွင့်နေမယ်၊ မပျော်မရွှင်ဖြစ်နေရမယ်။

အလုပ်အကိုင်

အလုပ်တွေကို ကူလုပ်ပေးမယ့် လုပ်ဖေါ်ကိုင်ဖက်နှင့် တွေ့ဆုံရမယ်၊

ငွေကြေး

ငွေကြေးအခြေအနေမကောင်းပါ ရသလောက်စုဆောင်းထားပါ။

အချစ်ရေး

လူလွတ်များ စိတ်မသက်မသာဖြစ်နေရမယ်အိမ်ထောင်ရှင်များ တစ်ဦးအပေါ်တစ်ဦး အရင်ကထက် ပိုဂရုစိုက်ပေးပါ။

ကျန်းမာရေး

အရိုးအစစ်ကိုက်ခဲခြင်းစတဲ့ဝေဒနာတွေခံစားရနိုင်တယ်။

ယတြာ

အားလပ်ချိန် တရားမှတ်ခြင်းဖြင့် ယတြာချေပါ

SHARE THIS NEWS

OTHER NEWS