4 May 2024

သြဂုတ် ၁ ရက်၊ ၂၀၂၂

.

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ဇူလိုင် ၃၀ ရက်က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာပြုလုပ်ရာမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

.

“ကျနော်နိုင်ငံခြားကိုရောက်နေတာကို အားလုံးကိုအသိပေးချင်ပါတယ်။ ဒီကိုလာရောက်ပူးပေါင်းတာလဲစစ်အာဏာသိမ်းတာကိုဆန့်ကျင်တာပါ၊ ဒီကိုရောက်လာပြီဆိုတော့ ရသမျှတာဝန်တွေကိုယူမယ်။ ရံဘုံငွေတွေပိုရအောင် အဆပေါင်းများစွာကြိုးစားမယ်။ ပြီးေးတာ့ ကျနော်ထောက်ပို့တပ်သားတစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်သွားမယ်။ ခေါင်းဆောင်တွေကိုကွက်မျက်လိုက်တာဟာ အကြောက်တရားထည့်လိုက်တာပါ။ အကြောက်တရားထည့်တဲ့အနေနဲ့ သူတို့လက်ထဲမှာရှိတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေကိုလုပ်လိုက်တာပါ။ ကျနော်တို့ကတော့ ဘယ်တော့မှကြောက်မသွားတဲ့အပြင် ပိုပြီးတော့ရွံသွားတယ်၊ ပိုပြီးတော့မုန်းတီးသွားတယ်။ တော်လှန်ရေးကြီးအောင်မြင်မှဖြစ်တော့မယ်ဆိုတာ ပိုပြီးတော့ ခိုင်မာသွားပါတယ်” ဟု SBS သတင်းထောက်ရဲ့အင်တာဗျူးမှာပြောသွားပါတယ်။

.

အဲဒီနေ့မှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့အတူ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ ဒေသခံ လွှတ်တော်အမတ်တွေနဲ့ လူအင်အား ၃၀၀ လောက် ပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ Myanmar Now

SHARE THIS NEWS

OTHER NEWS