27 April 2024

ထောင်ဒဏ် ၁၂ နှစ် စီ ချမှတ်ခံရ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးတပ်သား အမျိုးသမီး ၉ ယောက်ကို စစ်ကောင်စီတရားရုံးမှ တစ်ဦးကိုထောင်ဒဏ် ၁၂နှစ်စီ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီး ၉ ယောက်မှာ ယမန်နှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဆေးတပ်သားအဖွဲ့ဝင် အမျိုးသမီး များကို ဖမ်းဆီး၍ ယခုကဲ့သို့တရားစွဲဆို ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူအမျိုးသမီးများမှာ

ဒေစီ ဗန်လားရောနီး (Dasiy Vanlalrawni)

ဇမ်ဇိုးဇမ် (Zam Zo Zam )

လားမွမ်လ်ကီးမီး ( Lalmuankimi)

လားတလန့်လှူးအီး (Laltlanhlui)

လားပျံဖဲလ်အီး (Lalpianfeli )

မန်းလမ့်ဒိမ်း (Man Lam Dim )

ညောင်ဒွန့်ကျင်း (Niang Don Ciin)

လားလွန်စန်းအီး (Lallunsangi)

မားဆောမ်ဒုန်းငီး) တို့ဖြစ်ကြပြီး။

အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိပြီး၊ အဆိုပါအမျိုးသမီးငယ်များအနက် လေးဦးမှာ ကျန်းမာရေး မကောင်းဖြစ်နေပြီး ၎င်းတို့၏ မိသားစုဝင်အများစုမှာ လူနေမှုဘဝခက်ခဲ ကြောင်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Ref:Mizzima – News in BurmeseNews

SHARE THIS NEWS

OTHER NEWS