11 May 2024

ထိုင်းအဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန လက်အောက်ရှိယာယီ ဆေးရုံများတွင် ၆ လအတွင်း ပထမဆုံးအကြိမ်လူနာဦးရေ ၂ ထောင်အောက်ရောက်ရှိဟု အဆင့်

မြင့်ပညာဝန်ကြီး ဆို။

 

ထိုင်းနိုင်ငံတဝန်းတွင်ဖွင့်လှစ်ထားသည့် အဆိုပါဝန်ကြီးဌာနလက်အောက်ရှိယာယီဆေးရုံများတွင်၆ လအတွင်း ပထမဆုံးအကြိမ်စုစုပေါင်းလူနာဦးရေ ၂ ထောင်အောက်ရောက်ရှိခဲ့သည်ဟု အဆင့်မြင့် ပညာဝန်ကြီး ပါမောက္ခ ဒေါက်တာ သီရိရာဇ် စွန်သီရိလှိုင် က ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

လက်ရှိတွင် လူနာ ၁,၉၁၂ ဦးသာ ဆေးကုသမှုခံယူနေ၍ ထိုင်းနိုင်ငံတွင်ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေသိသိသာသာတိုးတက်လာကြောင်း၊ နေ့စဉ်ထပ်တိုးလူနာဦးရေတောက်လျှောက်ကျဆင်းနေ၍ ထိုင်းအစိုးရ၏ရောဂါကူးစက်မှုထိန်းချုပ်ရေးမူဝါဒနှင့်စီမံချက်များထိရောက်မှုရှိကြောင်း၊ ထိုင်းနိုင်ငံ၏လူမှုစီးပွားကိုမောင်းနင်ရန်အတွက် ပြီးခဲ့သည့်နိုဝင်ဘာ ၁ ရက်နေ့တွင် နိုင်ငံ့ခရီးသွားတံခါးဖွင့်လိုက်ခြင်းကြောင့် ပြည်တွင်းရောဂါကူးစက်မှုအပေါ်သက်ရောက်မှုမရှိကြောင်းကို ထင်ဟနေကြောင်း ဝန်ကြီး ကဆိုသည်။

 

အဆင့်မြင့်ပညာဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဧပြီလမှစ၍နိုင်ငံတဝန်းရှိ ဆေးကျောင်းများ၊တက္ကသိုလ် များ၊ အထူးသဖြင့် ရတ်ချဘတ်တက္ကသိုလ်များ၊ ရတ်ချမွန်ခွန်နည်းပညာတက္ကသိုလ်များနှင့် ခရိုင်အသီးသီးရှိအဓိကတက္ကသိုလ်များတွင် ခုတင် ၁၅,၇၇၇ ဆံ့ယာယီဆေးရုံ ၆၈ ခုဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ၆ လအတွင်း လူနာဦးရေ ၉၂,၆၇၀ ကုသပေးခဲ့ပြီး နေ့စဉ်အမြင့်ဆုံးလူနာ ၈,၀၀၀ ရှိခဲ့ရမှတဖြည်းဖြည်းကျဆင်းခဲ့ပြီး လက်ရှိတွင် ၂ ထောင်အောက်သို့ရောက်ရှိခဲ့ပြီဟုဆိုသည်။ လူနာဦးရေကျဆင်းလာပြီးနောက် ယာယီဆေးရုံ ၃၅ ခုကိုပိသိမ်းလိုက်ပြီး ၃၃ သာဖွင့်လှစ်ပေးနေသည်ဟု သိရသည်။

 

တဆက်တည်းတွင်ရောဂါအခြေအနေတကျော့ပြန် ပြန်လည်ဆိုးရွားလာခဲ့လျှင် အားချင်းပြန်လည် ဖွင့်လှစ်ပေးရန်အသင့်ပြင်ဆင်ထားသည်ဟု ဝန်ကြီးကဆက်လက်ပြောကြားသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS