27 April 2024

—————

ဗန်ကောက် ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃

ဇန်နဝါရီလ ၂၂ ရက်ရောက်ရင် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဖွင့်ပေးဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတာတွေ့ရပေမယ့်၊ ဒီကနေ့အချိန်ထိ မဖွင့်လှစ်နိုင်သေးပါ။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက် ၂၀၂၃ တွင် မယ်ဆိုင်-တာချီလိတ် နယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ တာချီလိတ်သတင်းတွေမှာဖော်ပြထားပါတယ်။

မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်လှစ်သလို မယ်ဆိုင်-တာချီလိတ်နယ်စပ်တံတားကိုလဲ ဖွင့်လှစ်စေချင်တယ်လို့ နန်းဆီခမ်း ကပြောပါတယ်။

“တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားဖွင့်စေချင်ပါပြီရှင်၊ ဘာကြောင့်လဲဆိုတော့ အရင်လိုသွားလာလို့ ရအောင်လို့ပါ။ နယ်စပ်မှာနေတဲ့သူတွေအတွက်ကတော့ အရေးပါတယ်။ ညီမတို့က ၁ ရက်လုပ် ၁ ရက်စားရတဲ့သူတွေပါ၊ ဒါကြောင့် အရင်လို့တံတားပြန်ဖွင့်ရင် သွားလာရတာလွယ်ကူအောင်လို့ဖွင့်စေချင်ပါတယ်။ ညီမနဲ့အတူ တာချီလိတ်-မယ်ဆိုင် မှာနေတဲ့သူတွေလဲဖွင့်စေချင်ကြမှာဘဲရှင်၊ အရင်လိုသွားလာလို့ရအောင်ဖွင့်ပေးလို့ရပါပြီရှင့်” လို့ နန်းဆီခမ်း ကပြောပါတယ်။

မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့်အတူပိတ်ထားတဲ့ မယ်ဆိုင်-တာချီလိတ်နယ်စပ်မှာ ၃ နှစ်ခန့်ရှိပါပြီ၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက် ၂၀၂၃ မှာ မဲဆောက်-မြဝတီနယ်စပ်တံတားဖွင့်လှစ်နိုင်ခဲ့ပေမယ့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ကတော့ ခုချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – ပိတ်ထားဆဲ့ မယ်ဆိုင်-တာချီလိတ်တံတား

SHARE THIS NEWS

OTHER NEWS