27 April 2024

သြဂုတ် ၁၈ ရက်၊ ၂၀၂၂

ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံသို့ အလုပ်လုပ်ဖို့လာတဲ့ တရားမဝင်မြန်မာ ၃၂ ယောက်စီးလာတဲ့ပစ်ကပ်ကားမှာ လမ်းဘေးရှိသစ်ပင်နဲ့ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါကားနဲ့အတူလိုက်ပါလာတဲ့ မြန်မာ ၃၂ ယောက်ထဲက ၄ ယောက်သေဆုံးပြီး၊ ၄ ယောက်မှာထိခိုက်သွားတယ်လို့ နခွန်စီထရာ့ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့များထံကသိရပါတယ်။

 

 

ထိုင်းနိုင်ငံတောင်ပိုင်း အာရှလမ်းမ ကျူလာဖောင်မြို့နယ် နခွန်စီထရာ့ခရိုင်မှာ သြဂုတ် ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သစ်ပင်တိုက်မိတဲ့ Isuzu ပစ်ကပ်ကားမှာလဲ ပက်လက်အနေထားနဲ့တိမ်းမှောက်နေတာဖြစ်ပါတယ်။

 

 

ကားတိမ်းမှောက်ပြီးတဲ့နောက်ပိုင်း ဒဏ်ရာတွေနဲ့ လူ ၁၀ ယောက်ခန့်ကထွက်ပြေးသွားပါတယ်။ ဆေးကုပေးဖို့လှမ်းခေါ်ပေမယ့် မရတော့ဘဲ ကြောက်ကြောက်နဲ့ထွက်ပြေးနေကြတယ်လို့ သွားရောက်ကူညီပေးတဲ့သူတွေထံကသိရပါတယ်။

 

 

မြန်မာ ၃၂ ယောက်ထဲမှာ အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၄ ယောက်၊ ထိုင်းနိုင်ငံတချို့လိုက်ပါလာတယ်လို့ သိရပါတယ်။ ပရာကျွတ်ခီရီခမ်ခရိုင်နယ်စပ်ကနေ တောလမ်းခရီးဖြင့်ထိုင်းကိုဝင်ရောက်လာကြတာဖြစ်တယ်လို့ အဖမ်းခံရတဲ့မြန်မာတစ်ယောက်ကပြောပါတယ်။

 

 

ပစ်ကပ်ကားမှာ တရားမဝင်မြန်မာ ၃၀ ကျော်ကို ရနောင်းခရိုင်ကနေသွားတင်လာတာဖြစ်ပြီး၊ ထိုင်း-မလေးရှားနယ်စပ်ကို ပို့ပေးမှာဖြစ်ပါတယ်။ ပွဲစားခကို တဝက်စီ ၁၅၀၀၀ ထောင်ဘတ်၊ အရောက်ပို့ပေးပြီးရင် ၁၅၀၀၀ ဘတ် စုစုပေါင်း ၃၀၀၀၀ ဘတ်ဖြစ်ပါတယ်။

 

 

အခင်းဖြစ်ပွားပြီနောက် ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတဲ့ မြန်မာ ၁၀ ယောက်ခန့်ကိုလဲ အကုန်လုံးဖမ်းဆီးနိုင်ခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့ ရဲအရာရှိ ၁ ဦးကပြောပါတယ်။

 

 

ကားနဲ့အတူလိုက်ပါလာတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်က လူကုန်ကူးဂိုဏ်းတွေနဲ့ အချိတ်အဆက်ရှိတာကြောင့် စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ဒုရဲမှူးချုပ်း Damrongsak Kittipraphat ကပြောပါတယ်။

 

 

မြန်မာနိုင်ငံသားများမှာ အသက် ၂၀-၃၂ နှစ်ဝန်းကျင်ပါ။ အားလုံးမှာအထောက်အထားတွေမရှိကြဘူးလို့သိရပါတယ်။ ဆေးရုံတွေမှာကုသမှုခံယူနေရတဲ့ မြန်မာများကိုလဲ သူတို့အတွက် အသက်အန္တရာယ်တွေမဖြစ်အောင် လုံခြုံရေးချထားပေးတယ်လို့ ရဲမှူးချုပ်း Damrongsak Kittipraphat က ဆက်ပြောပါတယ်။

 

 

ဒဏ်ရာမရတဲ့သူတချို့ကိုတော့ ကျူလာဖောင်ရဲစခန်းမှာ ဥပဒေအတိုင်း အရေးယူဖို့ထိန်းသိမ်းထားပြီး၊ လူမောင်ခိုဂိုဏ်းပါဝင်တဲ့ကားသမားနဲ့နောက်လိုက် ၁ ယောက်ကိုတော့ စစ်ဆေးမှုတွေဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ –

อาสามูลนิธิใต้เต็กเซี่ยงตึ๊ง จุดสำนักงานใหญ่

SHARE THIS NEWS

OTHER NEWS