3 May 2024

,

အိမ်ရှင်ပါရာဂွေးအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ယူပြီး အာဂျင်တီးနားဖူဆယ်အသင်း ၂၀၂၂ ကိုပါ အမေရိကဖလား ဗိုလ်ဆွဲ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ၂၀၂၂ ကိုပါ အမေရိကဖူဆယ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အိမ်ရှင်ပါရာဂွေးအသင်း နဲ့အာဂျင်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ အစဉ်အလာကြီးမားတဲ့ အာဂျင်တီးနား အသင်းက ၁-၀ ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အကြိုဗိုလ်လုပွဲစဉ်မှာ ဘရာဇီးအသင်းကို ပွဲချိန်မှာ ၃-၃ ဂိုးသရေကျပြီး ပယ်နယ်တီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ပါရာဂွေးအသင်းကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၂၂ ကိုပါ အမေရိကဖူဆယ်ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ ပါရာဂွေး၊ ဗင်နီဇွဲလား၊ ဘိုလီးဗီးယား၊ ပီရူး စတဲ့အသင်းတွေနဲ့အတူ အုပ်စု (ခ) မှာကျရောက်ခဲ့ပြီးအုပ်စုဒုတိယနဲ့သာဆီမီးဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပေမဲ့ တစ်ဖက်ကအုပ်စုဗိုလ်နဲ့တက်လာတဲ့ ဘရာဇီးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS