10 May 2024

တရုတ်နှစ်သစ်ကူးနေ့တွင် ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား ကို ခေတ္တဖွင့်ပေးရန် ထိုင်းကုန်သည်ကြီးများအသင်း က ခရိုင်အုပ်ချုပ်ရေးကော်မတီ ကို တောင်းဆိုလိုက်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလ နီးတဲ့အခါ အမြဲစည်ကားလေ့ရှိတဲ့ မဲ့ဆောက်မြို့ဟာ ဒီနှစ်မှာတော့ တိတ်ဆိတ်နေတာ ကိုတွေ့ရပါတယ်။

ဒါကြောင့် ထိုင်းကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံဘက်ခြမ်းက မြန်မာကုန်သည်များ ဈေးဝယ်လိုရင် လာရောက် ဝယ်ယူနိုင်ရန် ခရိုင်ကော်မတီကို တောင်းဆိုခဲ့တာပါ။

တကယ်လို့သာ တရုတ်နှစ်သစ်ကူးနေ့မှာ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်ပေးခဲ့မယ်ဆိုရင်လည်း လုပ်သားတွေဝင်ရောက်နိုင်ဖို့အတွက်တော့ အလှမ်းဝေးနေဦးမှာပါ။

SHARE THIS NEWS

OTHER NEWS