10 May 2024

ထိုင်းနိုင်ငံ နခွန်ရာ့ချစီမာခရိုင်၊ ဝမ်နမ့်ခရိုမြို့နယ်မှာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ယမန်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။

 

 

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ နခွန်ရာ့ချစီမာခရိုင်၊ ဝမ်နမ့်ခရိုမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကို ဝင်ခိုးဖို့ ကြိုးစားခဲ့တဲ့ သူခိုးဟာ ခေါင်မိုးပေါ်ကနေ ဖုန်းအရောင်းဆိုင်ထဲသို့ ပစ္စည်းဝင်ခိုးရန် အဆင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အောက်ကိုတွဲလောင်းကျပြီး သူခိုးရဲ့ဦးခေါင်းသာ မျက်နှာကျက်ရဲ့ သံတိုင်ကြားမှာ ညပ်နေခဲ့တာကြောင့် ပြန်တက်ဖို့လဲခက် အောက်ကိုဆင်းလို့လည်းမရတော့အဆုံး ကြံရာမဲ့ပြီး သူခိုးဟာ ဆိုင်ရှင်ကို အော်ဟစ်ပြီး အကူအညီတောင်းခံခဲ့ရပါတယ်။

 

သူခိုးရဲ့ အော်ဟစ်အကူအညီတောင်းခံတဲ့ အသံကြောင့် ဆိုင်ရှင်ဟာ နိုးလာခဲ့ပြီး ရဲစခန်းကို အရင်ဆုံးအကြောင်းကြားကာ ရပ်ကွက်သူရပ်ကွက်သားတွေ အကူအညီဖြင့် သံတိုင်ကိုဟကာ သူခိုးကို ကယ်တင်ပေးခဲ့ပြီး ရဲလက်ထဲအပ်ခဲ့တယ်လို့သိရပါတယ်။

 

 

ရဲကိုဖုန်းဆက်အကြောင်းကြားတဲ့အချိန်မှာ ရဲကမရောက်လာသေးတာကြောင့် ဆိုင်ရှင်ဟာ သူခိုးနေသာအောင် ထိုင်ခုံ ယူပြီး ခြေထောက် ခနထောက် ခိုင်းထားခဲ့ရသေးတယ်လို့လည်းဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS