3 May 2024

ဇူလိုင် ၂၉ ရက်၊ ၂၀၂၂

“အနုထင်” ဒုတိယဝန်ကြီးချုပ်နှင့်ကျန်းမာရေးဝန်ကြီးက လိင်တူဆက်ဆံတဲ့ အသက် ၄၇ နှစ်ရှိ ထိုင်းနိုင်ငံသားတစ်ယောက်မှာ မျောက်ကျောက် ကူးစက်ခံရပြီး ထိုင်းတွင် ဒုတိယမြောက်လူနာအဖြစ် တွေ့ရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

၄င်းနဲ့အတူနေထိုင်တဲ့ မိသားစု ၁၀ ယောက်ကိုလဲ ရောဂါပိုးရှိမရှိ စစ်ဆေးရန် 21 ရက်ကြာရောဂါလက္ခဏာများကိုစောင့်ကြည့်မည်ဟု ရောဂါထိန်းချုပ်ရေးဌာနမှပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗန်ကောက်မြို့ရှိ ဝချီရတ်ဆေးရုံ ဆေးသိပ္ပံဌာနမှစစ်ဆေးချက်အရ မျောက်ကျောက်ရောဂါကူးစက်ခံရသူ နောက်တစ်ယောက်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ထိုင်းတွင် မျောက်ကျောက်ကူးစက်သူ နှစ်ယောက်ရှိနေပြီလို့ ရောဂါထိန်းချုပ်ရေးဌာနမှအတည်ပြု ထုတ်ပြန်ခဲ့တာပါ။

ကူးစက်ခံရတဲ့သူက အသက် ၄၇ နှစ်ရှိ ထိုင်းနိုင်ငံသားပါ၊နိုင်ငံခြားသားများနှင့် လိင်တူဆက်ဆံဖူးသူဖြစ်ပြီး၊ လိင်ဆက်ဆံပြီး ၂ ရက်အကြာ အဖျားတက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ တစ်ပတ်အကြာတွင် လိင်အင်္ဂါ၊ ကိုယ်လုံး၊ မျက်နှာ၊ ခြေလက်များတွင် အဖုအပိမ့်များ ထွက်လာသဖြင့်ဆေးရုံတွင် စစ်ဆေးကြည့်တော့ မျောက်ကျောက်ကူးစက်ခံနေရကြောင်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ – ไม่สวยก็เหนื่อยหน่อยนะ

SHARE THIS NEWS

OTHER NEWS