29 April 2024

,

ထိုင်းမင်းသမီး Tangmo ကျောက်ဖရားမြစ်ထဲပြုတ်ကျ သေဆုံးမှုမှာ မန်နေဂျာအမျိုးသမီးကလွဲလို့  လှေပေါ်လိုက်ပါလာခဲ့တဲ့ သူတွေကို ခွင့်လွတ်ပါတယ်လို့ Tangmo ရဲ့မိခင် ဖြစ်သူ Channel 3 မှာ ထုတ်လွှင့်တဲ့ โหนกระแส debate အစီအစဉ်မှာပြော !

သံသယဖြစ်စရာ ဖြစ်ရပ်တွေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက ကျောက်ဖရားမြစ်ထဲ စပိဘုတ်စက်လှေစီးရင်း မြစ်ထဲ ပြုတ်ကျသေဆုံးခဲ့တဲ့ ထိုင်းမင်းသမီး Tangmo သေဆုံးမှုကို လူအများက စိတ်ဝင်တစ်စားဖြစ်ခဲ့ကြ ရပါတယ်။

Tangmo ကျောက်ဖရားမြစ်ထဲ ပြုတ်ကျ သေဆုံးသွားခဲ့ပြီးနောက် စပိဘုတ်ပေါ် အတူလိုက်ပါလာကြတဲ့ သူငယ်ချင်းဖြစ်သူတွေရဲ့ ဥပေက္ခာပြုထားမှုကြောင့် Tangmo ရဲ့မိခင်ဖြစ်သူအပါအဝင် ပရိသတ်အများစုက မင်းသမီးသေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။

ဒီကနေ့ Channel 3 မှာ ထုတ်လွှင့်တဲ့ โหนกระแส debate အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူက Tangmo ကျောက်ဖရားမြစ်ထဲပြုတ်ကျသွားခဲ့တဲ့အချိန်မှာ ဥပေက္ခာ ပြုခဲ့ကြတဲ့သူငယ်ချင်းတွေကို အမေ့အနေနဲ့ ခွင့်လွှတ်ပေးနိုင်မလားလို့မေးခွန်းထုတ်ခဲ့တဲ့အပေါ် Tangmo ရဲ့မိခင်ဖြစ်သူက

“ကျန်တဲ့ ၄ ဦးကို ခွင့်လွတ်လို့ရတယ် Tangmo ရဲ့ မန်နေဂျာဖြစ်သူကို အမေ့အနေနဲ့ခွင့်မလွတ်ပေးနိုင်ဘူး။ သတင်းစာရှင်းလင်းတဲ့နေ့မှာ ခွန်ပေါ (လှေပိုင်ရှင်) က အမေ့ဆီ ဖုန်းဆက်လာပြီးတောင်းပန်စကားဆိုတယ်။ သတင်းစာရှင်းလင်းတဲ့နေ့မှာလည်း အမေ့ကို တောင်းပန်ပြီး Tangmo မရှိတဲ့နောက် အမေ့ကို Tangmo အစားစောင့်ရှောက်ပေးသွားပါ့မယ် နစ်နာကြေးလည်းပေးမယ် လို့ပြောတယ်။ အမေ့အနေနဲ့ကတော့ Tangmo ရဲ့ တစ်နှစ်ဝင်ငွေဟာ ဘတ် ၁ သန်းလောက်ရှိမယ် Tangmo ဟာ နောက်ထပ်လူ့လောကမှာ ဆက်နေခွင့်ရမယ်ဆိုရင် နောက်ထပ် အနှစ် ၃၀ လောက် နေရဦးမှာ ဒါကြောင့် ခွန်ပေါ က Tangmo အတွက်နစ်နာကြေးပေးမယ်ဆိုရင် ဘယ်လောက်ရှိနိုင်မလဲ ကိုယ်တိုင် တွက်ကြည့်ပါလား”

ဆိုပြီး အစီအစဉ်တင်ဆက်သူကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီအစီအစဉ်ပြီးတဲ့နောက်မှာတော့ Tangmo ရဲ့မိခင်ဖြစ်သူကို ငွေမက်တဲ့မိခင်ဆိုပြီး လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်ပစ်တင်ပြောဆိုတာတွေရှိနေပါတယ်။

လှေပေါ်မှာ ပါလာခဲ့တဲ့သူတွေကတော့ Tangmo သေဆုံးမှုမှာ သူတို့အားလုံးဟာ Tangmo ကို တစ်စုံတစ်ရာမျှ ကိုယ်ထိလက်ရောက်ကျူးလွန်ထားခြင်းမရှိကြောင်း။ Tangmo ရေထဲပြုတ်ကျသွားတဲ့အချိန်မှာ Tangmo က မင်းသမီးဖြစ်တာကြောင့် အကယ်၍ အသက်ရှင်လျက်ပြန်တွေ့ခဲ့ရင် နာမည်ပျက်မှာစိုးတာကြောင့် အစက သတင်းကို ဖုံးဖိ ထားခဲ့မိကြောင်း ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က Channel 3 မှာ ထုတ်လွှင့်တဲ့ โหนกระแส debate အစီအစဉ်မှာ ရှင်းလင်းချက်ပေးခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS