9 May 2024

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂

ဗီယက်နမ်နိုင်ငံကိုသွားပြီး ထိုင်းကိုပြန်ဝင်လာတဲ့ ဟန်လေး ယမနေ့ညက ထိုင်းလေဆိပ်ပြန်အဝင်မှာ အဖမ်းခံလိုက်ရပါတယ်။

ဟန်လေး ကိုင်ဆောင်တဲ့နိုင်ငံကူးလက်မှတ်က ရုပ်သိမ်းခံရလို့ ဖမ်းဆီးခြင်းခံရတာဖြစ်တယ်လို့ Nawat.tv ကဖော်ပြထားပါတယ်။ သီးခြားအတည်ပြုလို့မရသေးပါ။

“Urgent attention and seeking humanity rigth for Thaw Nandar Aung – Miss Grand Myanmar 2020.

Ms. Thaw Nandar Aung (Han Lay) is seeking asylum help urgently in Thailand from the UNHCR as she’s currently being intern at Bangkok International Aiport since last nigth. Please share and safe Han Lay” အဂ်လိပ်ဘာသာဖြင့် ဟန်လေးရဲ့ လူမှုကွန်ရက်ပေါ်ကနေ အကူညီတောင်းခံထားပါတယ်။

လက်ရှိ UNHCR ကို ဆက်သွယ်ထားတယ်။ UNHCR က လေယာဥ်ပေါ်မတက်ဖို့နဲ့ ဗီယက်နမ် ပြန်သွားရင် မြန်မာဘက်ကို ပြန်ပို့လိမ့်မယ်လို့ DVB ကဖော်ပြထားပြီး၊ ညတုန်းက ထိုင်းလေဆိပ်လူဝင်ကြီးကြပ်ရေးအချုပ်မှာ အိပ်ခဲ့ရတယ်လို့ ၄င်းကဆက်ပြောပါတယ်။

Photo: Miss Grand

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS