26 April 2024

ထိုင်းနိုင်ငံအလယ်ပိုင်း ဥထိုင်ဌာနီခရိုင်တွင် ထီကံထူးလို၍ ထီသည်များထံမှ ထီလက်မှတ်စောင်ရေ ၆၀၀ ခိုးယူသူကို ဖမ်းဆီး။

ထီကံထူးလို၍ ဥထိုင်ဌာနီခရိုင်အတွင်းရှိ ထီသည်များထံမှ ထီလက်မှတ်အစောင်ရေ ၆၀၀ အထိလိုက်လံခိုးယူထားသူကို ဥထိုင်ဌာနီနယ်မြေရဲစခန်းက ယနေ့(၁၅-၃-၂၀၂၂) တွင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အသက် ၄၇ နှစ်ရှိသူ သံသယတရားခံကို ဥထိုင်ဌာနီခရိုင်၊ ဘန့်ရိုင့်မြို့နယ်၊ ဟူးချန်းကျေးရွာအုပ်စု၊ မူ-၈ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကတည်းကစတင်ခိုးယူခဲ့ခြင်းဖြစ်ကာ စုစုပေါင်းတန်ဖိုး ဘတ် ၅ သောင်းအထိရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

 

ကိုယ်ပိုင်အိမ်ဆောက်နိုင်ရန်အတွက် ထီကံထူးလို၍ ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ထောင်ဒဏ် ၃ နှစ်ကျခံဖူးသူသံသယတရားခံက ထွက်ဆိုသည်။

၎င်းသည် ထီလက်မှတ်ခိုးယူမှုအပြင် ပိုက်ဆံအိတ်လုယက်မှုတစ်ခုကိုပါ ကျူးလွန်ထားပြီး ငွေသား ၄၀၀ ဘတ် နှင့် အဆောင်ဘုရားတစ်ဆုရရှိခဲ့သည်ဟု ထွက်ဆိုသည်။

သံသယတရားခံထံမှသိမ်းဆည်းရမိသောထီလက်မှတ်များကို ရဲတပ်ဖွဲ့က ထီသည်များထံပြန်လည်အပ်နှံခဲ့ပြီး ထီသည်များကဆက်လက်ရောင်းချသွားမည်ဟု သိရသည်။

ဖမ်းဆီးခံရသူကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် နယ်မြေရဲစခန်းတွင်ထိန်းသိမ်း

ထားသည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS