3 May 2024

ဧပြီလ ၅ ရက်နေ့တွင် တရားမဝင်မြန်လုပ်သားတွေတင်ပြီး၊ အလုံပိတ်ထားတဲ့ ဟိုင်းလတ်ကားတစ်စီးနဲ့ ကားမောင်းသူ အသက် ၂၈ နှစ် (ထိုင်းနိုင်ငံသား)ကိုဖမ်းမိထားတယ်လို့သိရပါတယ်။

 

 

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် လတ်ဘွန်လွန်မြို့နယ်မှာ ဖမ်းမိတာလို့သိရပါတယ်။ အလုံပိတ်ထားတဲ့ကားနောက်တံခါးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာမြန်မာလုပ်သား ၃၅ ဦးတွေ့ရတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၆ ဦးပါ။

 

 

ထိုင်းမှာအလုပ်တစ်ခုရဖို့ ထိုင်းပွဲစားနဲ့မြန်မာပွဲစားတွေကို မြန်မာလုပ်သားတွေက ၁ ဦးကို ၂၂,၀၀၀ ပေးခဲ့ရပေမယ့်၊ အလုပ်မရဘဲ နောက်ဆုံးတော့ အဖမ်းခံလိုက်ရတာကြောင့် ငွေလဲရှုံး လူလဲတရားမဝင်မှုနဲ့အဖမ်းခံရတာကြောင့် ဥပဒေအရအရေးယူခြင်းကို ခံရမှာဖြစ်ပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – แนวหน้า

SHARE THIS NEWS

OTHER NEWS