11 May 2024

ဝေလငါးအသားရောင်းချသည့်စက်အသစ်ကို ပြီးခဲ့တဲ့အပတ်က ဂျပန်နိုင်ငံတွင်ထုတ်ဖော်ပြသခဲ့ပါတယ်။ ဂျပန်ဝေလငါးအော်ပရေတာတစ်ခုဖြစ်သည့် Kyodo Senpaku ကုမ္ပဏီသည် ဂျပန်နိုင်ငံတိုကျိုမြို့မှ မိုင် ၂၀ခန့် အကွာ ယိုကိုဟားမားဆိပ်ကမ်းမြို့၌ တည်ရှိပါတယ်။

ဝေလငါးထိန်းသိမ်းရေးသမားများ၏ ဆန္ဒပြမှုများကြောင့် ကုမ္ပဏီ၏ထုတ်ကုန်များကိုအရောင်းမြှင့်တင်ရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီးနောက် ယခုတစ်ခါထုတ်လုပ်ရောင်းချသည့် စက်သည် ကုမ္ပဏီမှတပ်ဆင်ခဲ့သော တတိယမြောက်အရောင်းစက်ဖြစ်ပါတယ်။

2018 ခုနှစ်တွင် ဂျပန်နိုင်ငံသည် အန္တာတိကသမုဒ္ဒရာတွင် တိရစ္ဆာန်အမဲလိုက်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၎င်း၏ ကမ်းရိုးတန်းမှနေပြီး ဝေလငါးဖမ်းခြင်းကိုပြန်လည်စတင်ခဲ့ပါတယ်။ ယင်းကြောင့်ဆန္ဒပြသူများကိုရပ်တန့်နိုင်ခဲ့ သော်လည်း အဖွဲ့ဝင်များက စက်အသစ်ကို ဆန့်ကျင်နေဆဲဖြစ်ပါတယ်။

Kyodo Senpaku ကုမ္ပဏီကဖွင့်လှစ်လိုက်တဲ့ ဝေလငါးအသားအရောင်းစက်ကို The Kujira Store ဟုအမည် ပေးထားပြီး စက်ထဲတွင် ဝေလငါးဆာရှိမိ ၊ ဝေလငါးဘေကွန်( bacon ) ၊ ဝေလငါးသားရေ ၊ ဝေလငါး အသားအကင် နှင့် ဝေလငါးအသားစည်သွပ်ဘူးတွေကို ရနိုင်မှာဖြစ်ပါတယ်။ တစ်ဘူးကိုဈေးနှုန်း ဒေါ်လာ 7.70 မှ ဒေါ်လာ 23 ကြားထဲတွင်ရှိပါတယ်။

ကုမ္ပဏီဘက်ကနေပြီးသော နောင် ၅နှစ်အတွင်းတစ်နိုင်ငံလုံးရှိ နေရာပေါင်း ၁၀၀ လောက်တွင်ဝေလငါးအသား အရောင်းစက်များကိုတပ်ဆင်ရန်အစီအစဉ်ရှိကြောင်းပြောရေးဆိုခွင့်ရှိသူ Konomu Kubo က ပြောကြားခဲ့ပါ တယ်။

SHARE THIS NEWS

OTHER NEWS