26 April 2024

ထိုင်း-မြန်မာနယ်စပ် နေ့ချင်းပြန်သွားလာနိုင်ရေး ထိုင်းဘက်ကခွင့်ပြုပေးထားပေမယ့် မြန်မာဘက်ကဖွင့်မပေးသေးတာကြောင့် နယ်စပ်ရှိဒေသခံတွေမှာ ငွေရှာရတာပိုခက်ခဲလာတယ်ဟု မြဝတီဒေသခံများထံကသိရပါတယ်။

မြန်မာဘက်က ကန့်သတ်တင်းကြပ်မှုတွေလုပ်လိုက်တာကြောင့် ‌ဒေသခံတွေရဲ့ ‌ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲတွေကြုံနေရပါတယ်။ ကိုဗစ်ကာလ ကတည်းက ၂ နှစ်ကျော်ပိတ်ထားခဲ့တဲ့ မြဝတီ – မဲဆောက် အမှတ် ၁ တံတားကို မြန်မာဘက်ကနိုင်ငံရေးကြောင့် ခုချိန်ထိမဖွင့်လှစ်နိုင်သေးပါဘူး။

ထိုင်းမြန်မာအမှတ် (၂) ချစ်ကြည်‌ရေးဘက်မှာတော့ ကုန်တင်ကားတွေ၊ ထိုင်းမှာအကြောင်းအမျိုးမျိုးကြောင့်နေရပ်ပြန်မြန်မာတွေကိုတော့ ကန့်သတ်ချက်နဲ့ပြန်ခွင့်ပေးပါတယ်။

မြန်မာနိုင်ငံဘက်က ပိတ်ထားတာကြောင့် ထိုင်းဘက်ကို ကျောင်းသွားတက်တဲ့ မြန်မာ‌ကျောင်းသားတွေ၊ မြန်မာနိုင်ငံဘက်မှာကျောင်းလာတက်တဲ့ကျောင်းသားတွေ၊ ကျန်းမာရေးအတွက် မဲဆောက်မှာ သွားရောက်ဆေးကုသကြရတဲ့ မြန်မာတွေအတွက် အခက်အခဲတွေဖြစ် ‌သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နေ့ချင်းပြန်ခွင့်ပြုချက်ကို ပြန်လည်ခွင့်ပြုနိုင်ဖို့ နှစ်နိုင်ငံ ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပြန်လည်ဆွေးနွေးပြီးမှ ဖွင့်လှစ်မယ်လို့ ဒေသခံတွေကသိရှိထား‌ရပေမယ့် ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ဒေသခံတွေ တိတိကျကျသိရတာမရှိသေးပါဘူး။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS