26 April 2024

သြဂုတ် ၃၀ ရက်၊ ၂၀၂၂

စမုပရာကန်ခရိုင်ရှိ ဂတ်စ်အိုးစက်ရုံပေါက်ကွဲမှုဖြစ်ပွားရာမှာ အလုပ်သမား ၅ ဦးခန့် မီးလောင်ခံရတယ်ဟု ခရိုင်မီဒီယာများကဖော်ပြထားပါတယ်။

 

 

သြဂုတ် ၂၉ ရက်နေ့ ညသန်းခေါင်ကျော် ၁၂ နာရီခွဲခန့်ကစတင်ပေါက်ကွဲမှုဖြစ်တာလို့ဖော်ပြချက်အရသိရပါတယ်။ စက်ရုံကတော့ ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ဆောင်ထုန်မြို့နယ်တွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

 

 

၄င်းစက်ရုံမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေ ၃၀ ဦးခန့်ရှိပါတယ်။ ထိုင်းနိုင်ငံသားနှင့် ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်ကတော့ စက်ရုံအတွင်းမှာ အလုပ်လုပ်နေတဲ့သူတွေမရှိတော့ပါဘူး အားလုံးပြန်အိပ်နေကြပြီ၊ ဒါပေမဲ့ ပေါက်ကွဲမှုနေရာနဲ့နီးတဲ့အခန်းတွေမှာနေကြတဲ့ အလုပ်သမား ၅ ဦးတော့မီးလောင်ခံရပါတယ်။ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်၊ သူတို့တွေကိုတော့ဆေးရုံတင်ထားတယ်ဟု အလုပ်သမားတစ်ဦးရဲ့ဖြေကြားချက်ကို ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

 

 

ပေါက်ကွဲမှုဖြစ်ပွားပြီး ခဏအကြာ မီးသတ်ကား ၁၀ စီးကျော် ရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာမှာ အချိန် ၁ နာရီ ကျော်ကြာတွင်မီးငြိမ်းသွားပါတယ်။ စက်ရုံအတွင်းရှိ ကား ၂ စီး၊ဆိုင်ကယ် ၁ စီးအပါဝင် စက်ရုံနှင့်ဘေးနားရှိအဆောက်အအုံတွေလဲပျက်စီးသွားခဲ့ရပါတယ်။

 

 

ဂတ်စ်အိုးဖြည့်စက်ရုံဟာ ၂ ဧကကျယ်တဲ့နေရာမှာ ဆောက်လုပ်ထားတာပါ။ ဖွင့်လာတာာ ၁၀ နှစ်ကြာပြီလို့သိရပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကိုတော့ စမုပရာကန်ခရိုင်ရှိ ထိုင်းအာဏာပိုင်များက ပိတ်ထားပြီး ဂက်စ်ရည်တွေ ယိုစီးသွားတဲ့လမ်းမှာ လောင်ကျွမ်းစေတဲ့အရာတခုခုနဲ့ ထိတွေ့ပြီး မီးထတောက်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – คน ฝั่งธน

SHARE THIS NEWS

OTHER NEWS