5 May 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်ရှိ ကမ်းခြေတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက်နေ့ညက လိပ်စောင်းလျား ဥတွင်းတစ်ခုမှ လိပ်သားပေါက် ၉၈ ကောင်ပေါက်ဖွားခဲ့သည်ဟု ဖူကက်တိုင်းမ်သတင်းဌာန ကဖော်ပြ ထားသည်။

အဆိုပါ လိပ်စောင်းလျားသားပေါက်များအနက် ၇၃ ကောင် ကိုပင်လယ်ထဲလွှတ်ပေးလိုက်ပြီး ၂၅ ကောင် ကို အဏ္ဏဝါအရင်းအမြစ်နှင့်အက်ဒမံကမ်းရိုးတမ်းအထက်ပိုင်း သုတေသနဌာန က မွေးမြူရန်ယူဆောင် သွားသည်ဟု သိရှိရသည်။

ထို့ပြင် သားမပေါက်သည့်လိပ်စောင်းလျားဥ ၁၆ လုံးနှင့် လိပ်စောင်းလျားသားပေါက်အသေ ၅ ကောင်ကို လည်းရရှိခဲ့သည်။

 

 

အဆိုပါ လိပ်စောင်းလျားဥတွင်းကို ဒီဇင်ဘာ ၇ ရက်နေ့ (၂၀၂၂) ကတွေ့ရှိခဲ့ပြီး ၅၇ ရက်မြောက်နေ့တွင် သားပေါက်ခဲ့ခြင်းဖြစ်ကာ ဥအလုံးရေ ၁၁၉ လုံးရှိသည်။

ယင်းလိပ်ဥတွင်း၏ သားပေါက်နှုန်းမှာ ၈၇ ရာခိုင်နှုန်းရှိပြီး သားပေါက်အသက်ရှင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းရှိ သည်။

အဆိုပါ လိပ်ဥတွင်းကို အယ်လဖာအမည်ရှိလိပ်မကြီးက ယခုဥချရာသီတွင် ၃ တွင်းမြောက် ဥချပေးခဲ့ခြင်းဖြစ်သည်။

 

 

ပင်လယ်လိပ်များသည် ရှားပါးရေသတ္တဝါမျိုးဝင်ဖြစ်ပြီး လိပ်သားပေါက်ကောင်ရေ ၁၀၀၀ အနက် ၁ ကောင်သာ မျိုးပွားနိုင်သည့်အရွယ်အထိရှင်သန်နိုင်သည်ဟု ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS