29 April 2024

နိုဝင်ဘာ ၇ ရက်၊ ၂၀၂၂

ထိုင်းမှာ မကြာမီ APEC 2022 အစည်းအဝေကျင်းပရန်ရှိပါတယ်။ အဲဒီအတွက် ထိုင်းဘက်ကလုံခြုံရေးတွေတိုးမြှင့်ချထားတဲ့အပြင် (Overstay) ဖြစ်နေတဲ့ နိုင်ငံခြားသားတွေကိုလဲ ဖမ်းဆီးအရေးယူမှုတွေမြင့်တက်လာတာတွေ့နေရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှ ၃၁ ရက်နေ့အထိတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ခွင့်ပြုမိန့် ကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၇၁၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ မှုခင်း ပေါင်း ၆၅ ခုကို နှိမ်နှင်းနိုင်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၃) နယ်ခြားစောင့်တပ်ဖွဲ့ဘက်ကတော့ ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးဖမ်းမိထားပြီး သူတို့လို ထိုင်းကိုတရားမဝင်လာမည့် မြန်မာနိုင်ငံသား ၂၀၀-၃၀၀ ဦးဝန်းကျင်မှာရှိနေတဲ့အတွက် စောင့်ကြပ်စစ်ဆေးမှုတွေတိုးမြှင့်ထားကြောင်းသိရပါတယ်။

ထို့အတူ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခမ်နယ်စပ် တရားမဝင်မြန်မာ ၁၈ ဦးနှင့် လမ်းပြ ၂ ဦး၊ ကန်ကျနဘူရီခရိုင်ဘက်တွင် တရားမဝင်မြန်မာ ၁၂ ဦးနဲ့ လမ်းပြ ၁ ဦးနှင့် ထပ်မံ ပရာကျွတ်ခီရီခမ်ခရိုင်ဘက်တွင် တရားမဝင်မြန်မာ ၄၁ ဦးနှင့် လမ်းပြ ၅ ဦးတို့ကိုဖမ်းဆီးအရေးယူထားကြောင်း နိုဝင်ဘာ ၄ ရက်နေ့တွင် ထိုင်းလဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS