3 May 2024

ကရင်အမျိုးသားအစည်အရုံး၊ KNU တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲတွေ စတင်တိုက်ခိုက်မှုပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းဌာနတွေကဖော်ပြထားပါတယ်။ မတ်လ ၉ ရက်နေ့ မှာလဲ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် လာရောက် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

မနက် ၁၁ ခန့်မှာလာရောက်ပစ်သွားတာဖြစ်ပြီး အကျအဆုံးတော့ မသိရသေးဘူးလို့ KNLA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် PDF ၁ ဦးထံက သိရပါတယ်။ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်တဲ့နေရာက လေးကေ့ကော်မြို့သစ်၊ မင်းလက်ပံကျေးရွာနှင့် ရသေ့ဂူကျေးရွာများကြားမှာဖြစ်ပါတယ်။

လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၃ လခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းချီသော ဒေသခံများ စစ်ရှောင်နေကြရပြီး မတ်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းပဲဖြစ်ပါတယ်။

Ref: Khit Thit Media

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – ပုံဟောင်း

SHARE THIS NEWS

OTHER NEWS