10 May 2024

ဩဂုတ် ၁၇ ရက်၊ ၂၀၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အမှုတွေထပ်တိုးကာထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ရှိလာတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းကဖော်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးရာမှ ယမနေ့တွင် ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခြင်းကြောင့် လက်ရှိတွင် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ရှိနေပြီလို့ ဖော်ပြချက်အရသိရပါတယ်။

စစ်ခေါင်းဆောင်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် အမှုတွေကို ထပ်တိုးတရားစွဲမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS