4 May 2024

ရန်ကုန်တိုင်းက မြို့နယ်အတော်များများမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်နေပြီး မီးပြန်လာတဲ့ အချိန်ခဏအတွင်းမှာ ရေတင်တဲ့သူတွေ များတာကြောင့် အထပ်မြင့်မှာ နေထိုင်တဲ့ပြည်သူတွေ ရေရရှိဖို့ အခက်အခဲ ကြုံတွေ့နေကြရပါတယ် လို့ DVB သတင်းကဖော်ပြထားပါတယ်။

မီးပျက်ချိန်ကကြာမြင့်ပြီး၊ မီးလာတဲ့အချိန်က တခဏဆိုတော့ မီးလာတဲ့အချိန်မှာ အားလုံးက ရေတင်ကြတော့ တိုက်ထပ်အမြှင့်မှာနေထိုင်ရသူတွေအတွက် ရေမရောက်ဘဲ၊ ချက်ချင်း မီးက ပြန်ပြတ်သွားတာမျိုးတွေ ဖြစ်နေတော့ ရေက လုံးဝမရဘူး။ တခါတလေ အိမ်သာတက်ဖို့တောင် ရေကမရှိဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်းထဲက တာမွေမြို့နယ်၊ ကျောက်မြောင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်း စတဲ့နေရာတွေက အထပ်မြင့်မှာ နေထိုင်သူတွေ ရေရရှိဖို့ ပိုမိုခက်ခဲနေသလို ယုဇနအိမ်ရာလို နေထိုင်သူတွေအတွက်လည်း ရေရရှိဖို့ ပိုပြီး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိရန်ကုန်မှာ ရေတစည်ကို ၇,၀၀၀ လောက်အထိ ပေးရတယ်။ မီးစက်နဲ့ တင်ဖို့ကလည်း အခုဆီဈေးက ၂,၀၀၀ ကျော်ဆိုတော့ ဘယ်သူမှ မတင်နိုင်ဘူး။ ရေတင်ဖို့စောင့်ရင်း မီးပြတ်သွားတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေကြရတယ်။ ယခုလို နွေရာသီမှာ ရာသီဥတုပူပြင်းတဲ့အပြင် လျှပ်မီးပြတ်တာရော ရေမလာတဲ့အတွက် ပြည်သူလူထုတွေဟာ အပူဒဏ်ကို ပိုပြီး ခံစားနေကြရပါတယ်။

Ref: DVB TV News

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS