26 April 2024

,

နာနတ်သီးရဲ့အရသာသည် လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ အရသာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းစေတဲ့ အာဟာရဓာတ်တွေလည်းအများကြီးရှိပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် C၊ ဗီတာမင် B1၊ ဗီတာမင် B6၊ ဖောလစ်အက်ဆစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ မန်းဂနိစ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ပဲ ဖြစ်ပါတယ်။
နာနတ်သီးစားပြီးရင်လျှာကို ရှတတ နှင့် နာစေရသည့်အကြောင်းရင်းမှာ နာနတ်သီးသည် ပရိုတင်းဓာတ်ကို ပျက်စီးစေသော bromelain ( ဘရိုမီလန် )ဟုခေါ်တဲ့ အင်ဇိုင်းတစ်ခုပါဝင်တာကြောင့် ဖြစ်ပါတယ်။ အင်ဇိုင်းဟာ လျှာ နှင့် ခံတွင်းတစ်ဝိုက်မှာရှိတဲ့ ပရိုတင်းဓာတ်တွေကိုဖြိုခွင်းလိုက်ပြီး နာနတ်သီးကိုဝါးမြိုလိုက်တဲ့အခါမှာတော့ တံတွေးနှင့် အစာအိမ်အက်စစ်က အဲ့ဒီအင်ဇိုင်းကိုအနိုင်ယူလိုက်သောကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ နာနတ်သီးစားကိုခဏရပ်လိုက်တဲ့အခါ လျှာကဆုံးရှုံးသွားတဲ့ ပရိုတင်း နဲ့ အမိုင်နိုအက်စစ်တွေကိုသူ့အလိုလို ပြန်လည်တည်ဆောက်တာကြောင့် လျှာမှာရှတတဖြစ်တာ နဲ့ နာတာတွေက သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။
လျှာမနာဘဲ နာနတ်သီးကို ဘယ်လိုစားမလဲ။
နာနတ်သီးအတုံးများကို ဆားငံရည်တွင် မစားမီ ၂-၃ မိနစ်ခန့် စိမ်ထားပါ (သို့မဟုတ်) ဆားနှပ်ပြီး လတ်ဆတ်စွာ စားသုံးနိုင်ပါတယ်။ ဒါပေမယ့် ဆားငန်ရေစိမ်တာလောက်ထိရောက်မှုတော့မရှိနိုင်ပါဘူး။ နာနတ်သီးစားတဲ့အခါ လျှာနာတဲ့ခံစားချက်ကိုတော့ လျှော့ချပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက် နောက်ဆုံးတစ်ခုပြောချင်တာက နာနတ်သီးစားချင်ရင် နာနတ်သီးကိုသံဘူးနဲ့စည်သွပ်ထား တာတွေမစားတာပိုကောင်းပါတယ်။ နာနတ်သီးစည်သွပ်ဘူးတွေက အရသာချိုပြီးအရည်ရွှမ်းနေသေးပေမယ့် နာနတ်သီးစည်သွပ်ဘူးမှာ ပရိုတင်းကိုချေဖျက်ပေးတဲ့ bromelain ( ဘရိုမီလန် ) အင်ဇိုင်းအပါအဝင် ကောင်းမွန် တဲ့ဗီတာမင်တွေအများကြီးကိုချို့တဲ့စေပါတယ်။

SHARE THIS NEWS

OTHER NEWS