26 April 2024

ထိုင်းနိုင်ငံမှာ အဖမ်းဆီးတွေများလာတာကြောင့် တရားမဝင် ဝင်လာပြီး ဖမ်းဆီးခြင်းခံရတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေ သိသိသာသာလျော့ကျလာပါတယ်။

၂၀၂၂ နှစ်အစပိုင်းလောက်ကဆိုရင် ၁ လကို ၅၀၀၀ ကနေ ၆၀၀၀ အထိရှိခဲ့ရာက မတ်လနဲ့ ဧပြီလလောက်မှာ ၁၀၀၀ ကနေ ၁၅၀၀ ခန့်လောက်သာရှိပါတော့တယ်။

ထိုင်းမှာလဲ လူမောင်ခိုနဲ့လာပြီး တရားမဝင်အလုပ်သမားတွေကို အလုပ်ပေးပါက ကြီးလေးတဲ့ပြစ်ဒဏ်တွေ လုပ်ငန်းရှင်အနေနဲ့ခံရနိုင်တယ်လို့ ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တရားမဝင်အလုပ်သမားတွေကို လက်ခံပေးတဲ့နေရာတွေနည်းလာတာနဲ့ ဆက်စပ်မှုရှိလို့ တရားမဝင်လာသူနည်းသွားပြီး ထိုင်းမဟုတ်ဘဲ တခြားနိုင်ငံတွေကို ရွေးချယ်လာသူတွေများလာတယ်လို့ အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

“ထိုင်းမှာလဲ ကိုဗစ်ကြောင့် အလုပ်အကိုင်တွေ နည်းလာတယ်။ ဒေဝါလီခံသွားတဲ့ အလုပ်တွေလဲများလာတယ်။ ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဝင်ငွေနဲ့ထွက်ငွေတွေ အလုပ်သမားတွေမှာ မကာမိကြတော့ဘူး။ ဒါကြောင့် တခြားနိုင်ငံကိုသွားကြတာဖြစ်နိုင်တယ်” လို့ လူမှုကူညီရေးအဖွဲ့ (TCTF) ဦးခန့်းဦး ကပြောပါတယ်။

အလားတူ ထိုင်း – မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကြားတိုက်ပွဲတွေ ပြင်းထန်နေလို့ ကော့ကရိတ်-မြဝတီ အာရှကားလမ်းကို ယာယီဖြတ်သန်းမှုတွေ ပိတ် ထားတာတွေကြောင့် တရားမဝင် ဝင်ရောက်မှု လျော့နည်းလာတာ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS