10 May 2024

၂၀၂၂ မတ်လ ၃ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆိုင်မြို့နယ် ၄ နေရာကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးခဲ့ရာ အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးနှင့် စစ်လက်နက် ၄၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး အခုဖမ်းဆီးရမိတဲ့ သူတွေဟာ “ကင်းနွန်ထဘူရီ” နာမည်ဖြင့် မြန်မာနိုင်ငံသို့ရေနံပို့ခြင်း၊ လက်နက်ခဲယမ်းမှောင်ခိုရောင်းချခြင်း၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချခြင်းတို့ ပြုလုပ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

 

 

လက်ရှိဖမ်းဆီးရမိခဲ့တဲ့ အမှုနှင့်ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ဘန်ကောက် အပါအဝင် သံသယရှိတဲ့ ခရိုင် ၁၄ ခုက နေရာတွေကို စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS