26 April 2024

ဇွန်လ ၁၅ ရက်၊ ၂၀၂၂

ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အထက်တန်း သူနာပြု ဒေါ်ဇာလီနိုင်၊ ကိုယ်ဝန်သည် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း တို့အဖမ်းခံရပြီးနောက်အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ ရေစကြိုပြောက်ကျားအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များက (N-YSO) စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြု ဒေါ်ဇာလီနိုင်၊ CDM ကျောင်း ဆရာမဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း တို့ကို ဖမ်းထားပြီနောက် မီးရှို့သတ်လိုက်တယ်လို့ သတင်းထုတ်ပြန်တဲ့အထဲတွင် ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့

“ဇွန်လ ၁၀ရက် ၂၀၂၂ခုနှစ် တွင် ကျနော်တို့N-YSOတပ်စခန်းအားစကခလက်ပါးစေများမှ ဝင်ရောက်စီးဖျက်စီးခြင်းခံခဲ့ရပါသည်။ နံနက်(၃)နာရီခန့်တွင် ကျနော်တို့ N-YSOပြောက်ကျားတပ်ဖွဲ့အား အကြမ်းစစ်ကောင်စီမှ စစ်ကြောင်းသုံးကြောင်းခွ​​ဲ၍ဝင်ရောက်စီးနင်းခဲ့ပါသည်။ ကားဖြင့်စစ်ကြောင်းထိုးလာသော ခွေးကားနှစ်စီးအား ကျနော်တို့အဖွဲ့မှလက်ဦးမှုရယူကာ ပဒေသာမိုင်းအတွဲလိုက်ဖြင့် စီးကြိုးတိုက်ခိုက်ခဲ့ရာတွင် စစ်ခွေးအရာခံ​ဗိုလ်တစ်ဦးအပါအဝင် (၁၃)ကောင်မှာ ​ေ_ပြီး စစ်ခွေးအလောင်းများအားချန်ထားခဲ့ကာ ကျန်စ​စ်ခွေးများ အထိနာ၍ကြောက်ကာရမ်းကာ ​ဗရမ်း​ဗဒါဖြင့် သေနတ်များဖောက်ကာ နောက်သို့အပြေးအလွှားပြန်လှည့်ပြီးအတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်ဟု ဖရဲသီးမှသတင်းပေးသည် (အလောင်းများအား စစ်ကြောင်းအပြန်တွင်ဝင်ကောက်သွားခဲ့ပါသည်)။ကျန်စစ်ကြောင်းများသည် အင်အားများများဖြင့် ပတ်ပတ်လည်ထိုးလာသဖြင့် ကျနော်အဖွဲ့နောက်ဆုတ်ပေးခဲ့ရပါသည်။ ပြည်သူ့အချို့အား လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျနော်တို့ရဲဘော်(၅)ဦးအား အားဖမ်းစီးခေါ်ဆောင်သွားပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။ ဆက်လက်၍ ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လတ်စစ်ကြောင်းထိုး​၍ သစ်ကြီးတောရွာမှ ပြည်သူနေအိမ်များအား ​မီးရှို့ဖျက်စီးသွားခဲ့ပြီး စစ်ကြောင်းပြန်ချီလာသော စစ်ခွေးတစ်သိုက်အား ထပ်မံမိုင်းဆွဲတိုက်ခ​ိုက်ခဲ့ရာတွင် ထပ်မံ​၍ ခွေးနှစ်ကောင် ​ေ_သွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားပါသည်။ ထို့နောက် ဒါန်းပင်ကန်ရွာအတွင်း၌ မီးရှို့ဖျက်စီးနေသော စစ်ခွေးတစ်သိုက်အား ကျနော်တို့ N-YSOတပ်ဖွဲ့ ၊ ငဘဒေသကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ ၊ MSPDF နှင့် Chaung U PDF ၊ဂျိုင်းဂျားတပ်ဖွဲ့ ၊ Gen 21 ၊ မြိုင်အရှိ မြောက်ဘက်ကာကွယ်ရေးတပ်ဖွဲ့တို့သည် လက်နက်ကြီးများဖြင်​့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခွေးများဖိနပ်တောင်မယူနိုင်ဘဲရွာအတွင်းမှ အပြေးပြန်ထွက်သွားပါသည်။” ဟုထုတ်ပြန်ထားပြီး။

ဇွန်လ ၁၄ ရက်နေ့မျာတော့ ကျဆုံးသွားတဲ့ CDMကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ​ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း၊ ကိုယ်ဝန်(၅)လဖြင့် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေနှင့် ရဲဘော်ဝူခုန်း တို့ကို အမိန့်ပြန်တမ်းခြင်း၊ မီးသဂြိင်္ုလ်ပေးခြင်းနဲ့ဝမ်းနည်းမှတ်တမ်းရုပ်သံကိုလဲ N – YSO ပြောက်ကျား ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ- CDMကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ အထက်တန်း သူနာပြု ဆရာ မလေး ​ဒေါ်ဇာလီနိုင် ၊ ​ထောက်ပို့ရဲဘော် မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅ လရှိ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ PDF ရဲဘော်ဝူခုန်း။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS