10 May 2024

ဆီအုန်းစိုက်တောင်သူ ၄ သိန်းနီးပါကို အနိမ့်ဆုံးဈေးနှုန်းအာမခံပေးနိုင်ရန်အတွက် ဘတ် ၇၆၆၀ သန်း ထိုင်းအစိုးရ ခွင့်ပြု။

၂၀၂၁-၂၀၂၂ ဘတ်ဂျက်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ ဆီအုန်းစိုက်တောင်သူဦးရေ ၃.၈ သန်းခန့်ကို အနိမ့်ဆုံးဆီအုန်းဈေးနှုန်းအာမခံပေးနိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ပုံမှန်အစည်းအဝေးမှာထိုင်းအစိုးရအဖွဲ့က ဘတ်ငွေ ၇၆၆၀ သန်းခွင့်ပြုပေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး တွဲဖက်ပြောခွင့်ရသူရတ်ချဒါ ဓနာဓိရာဇ် ကဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ အနိမ့်ဆုံးဆီအုန်းဈေးနှုန်းကို ၁ ကီလိုဂရမ်လျင် ၄ ဘတ်နှုန်းဖြင့် အာမခံချက်ပေးထားမှာဖြစ်ပါတယ်။

ဆီအုန်းတောင်သူအိမ်ထောင်စုတစ်ခုကို ၁၀ ဧကအတွက်သာထောက်ပံ့ပေးမှာဖြစ်သလို သက်တမ်း ၃ နှစ်အထက်ရှိတဲ့ အသီးထွက်စိုက်ခင်းဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးမြှင့်တင်ရေးဦးစီးဌာနမှာ အမည်စာရင်းပေးသွင်းထားတဲ့ ဆီအုန်းတောင်သူတွေသာခံစားခွင့်ရှိမယ်လို့ ဆိုပါတယ်။

အစိုးရအာမခံငွေနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ အကျုံးဝင်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဆီးအုန်းဈေးနှုန်းဟာ ၁ ကီလိုဂရမ်ကို ၆.၉ ဘတ်ရှိခဲ့ပြီး အာမခံဈေးနှုန်း ၄ ဘတ် ထက်မြင့်မားနေတာကြောင့် ဆီအုန်းစိုက်တောင်သူတွေကို အာမခံငွေပေးခဲ့ရခြင်းမရှိဘူးလို့ သူမဆိုပါတယ်။

သတင်း ပလာတူး

SHARE THIS NEWS

OTHER NEWS