27 April 2024

ဗန်ကောက်၊ ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၃

မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတား လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မယ်ဟု မဲဆောက်အာဏာပိုင်ဘက်က ဇန်နဝါရီလ ၈ ရက်နေ့ ၂၀၂၃ ရက်စွဲ့နဲ့ အတည်ပြုထုတ်ပြန်လာပါတယ်။

အဲဒီတံတားဟာ ပိတ်ထားတာ ၃ နှစ်ပြည့်ပါပြီ၊ မကြာမီ ယခင်ကလို မြင်ကွင်းမျိုးကို ပြန်လည်မြင်တွေ့ရတော့မယ်ဟု ထိုင်းဘက်ခြမ်း အမှတ် ၁ တံတားအောက်မှာ ကုန်စုံဆိုင်ရောင်းနေတဲ့ ထိုင်းလင်မယားနှစ်ဦးက ကိုချစ် ကို ပြောပါတယ်။

“မြန်မြန်ဖွင့်ပါစေဗျာ မဟုတ်ရင် ဒီမှာငတ်တော့မယ်။ မြန်မာဘက်က လူတွေမလာရင် တံတားထိပ်က စျေးကို မရောင်းရတာ၊ ပြီးတော့ အမှတ် ၁ တံတားနဲ့ မဲဆောက်မြို့က ၁၃ ကီလိုတောင်ဝေးတာလေ ဒီဘက်က တော်ရုံတန်ရုံကိစ္စမရှိရင် ဘယ်သူမှမလာကြဘူး။ တောမောရုံးကဖွင့်ထားတယ်ဆိုပေမယ့် လူကအနည်းကျင်းလောက်ပဲလာတာ၊ ဒီလိုနေ့ကိုစောင့်နေတာကြာပြီ” လို့ နိုင်ထနဖွန်ကပြောပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က တံတားထိပ်မှာ ပြုပြင်နေတာတွေ့ရပါတယ်။ တံတားဖွင့်ဖို့ပြင်ဆင်နေကြတာဖြစ်မယ်ဟု မြဝတီဒေသံတစ်ဦးက ပြောပါတယ်။

“ဟုတ် မြဝတီတံတားထိပ်ဘက်မှာတော့ မီးသီးတွေလဲနေတယ်။ ကင်မရာတွေတပ်ဆင်တာတွေ၊ သန့်ရှင်းရေးတွေလုပ်နေတာတွေ့တယ်။ ပြီးတော့ လူကြီးအချို့လဲလာကြည့်သွားတယ်။ ဘယ်သူတွေလဲတော့ မသိဘူးဗျ၊ ဖွင့်ဖို့ကြိုတင်လာလုပ်တာဖြစ်နိုင်တယ်” ဟု မြဝတီဒေသခံ စောစိုးမိုး က ကိုချစ် ကိုပြောပါတယ်။

မြဝတီမြို့ဘက်မှာလဲ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ပြန်လည်ဖွင့်လှစ်ဖို့ နှစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူတွေကမျှော်လင့်နေကြတာပါ။ ၁၂ ရက်နေ့ကျရင် တံတားဖွင့်လှစ်ပွဲအခမ်းအနားကို လာရောက်နိုင်တယ်လို့ မဲဆောက်ဘက်က ထုတ်ပြန်ချက်တွင် ဖိတ်ခေါ်ထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS