10 May 2024

ဓာတ်ပုံ CH7News

 

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၁

ညစ်ညမ်းရုပ်သံရိုက်ကူးပြီး ဝဘ်ဆိုက်ပေါ်တင်၍ ဝင်ငွေရှာသည့် ထိုင်းလူငယ်စုံတွဲ အာမခံမရ။

 

ညစ်ညမ်းရုပ်သံရိုက်ကူးပြီး လတ်တလောနာမည်ကြီးနေသည့် onlyfans ဝဘ်ဆိုက်ပေါ်တင်၍ အကျိုးစီးပွားရှာသည့် ထိုင်းလူငယ်စုံတွဲကို ကွန်ပျူတာအက်ဉပဒေချိုးဖောက်မှုကြောင့် စမွတ်ပရာကန် ခရိုင်တရားရုံး၏ဖမ်းဝရမ်းဖြင့် ယမန်နေ့ညတွင် ထိုင်းဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့မှ

 

ဘန်ဖလီမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင်ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဆိုက်ဘာမှုခင်းရဲစခန်းသို့ခေါ်ဆောင်သွားပြီး စစ်ကြောရေးပြုခဲ့သည်ဟု ထိုင်း CH7News သတင်းဌာနမှ ဖော်ပြထားသည်။

 

ကနဦးစစ်ဆေးချက်အရ ညစ်ညမ်းရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းသာဖြစ်ပြီး ဖြန့်ချိရန်ရည်ရွယ်ချက်မရှိ၍ ကွန်ပျူတာအက်ဉပဒေနှင့်ဆန့်ကျင်ခြင်းမရှိဟု စုံတွဲနှစ်ဦးက ငြင်းဆိုထားသည်။

 

 

မည်သို့ဆိုစေ အဆိုပါညစ်ညမ်းရုပ်သံများကို onlyfans ဝဘ်ဆိုက်ပေါ်တင်ပြီး ကြည့်ရှုလိုသူများကိုမန်ဘာအသင်းဝင်လျှောက်ထားစေခြင်းသည် အများပြည်သူကိုကြည့်ရှုလိုသည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ချိခြင်းဖြစ်သည်ဟုထင်ရှားကြောင်း ဆိုက်ဘာရဲတပ်ဖွဲ့ကဆိုသည်။

 

အဆိုပါ ထိုင်းလူငယ်စုံတွဲအား ထိုင်းကွန်ပျူတာအက်ဉပဒေအရ ညစ်ညမ်းရုပ်သံရိုက်ကူးထုတ်လုပ်မှု၊ ကွန်ပျုတာစနစ်ထဲသို့ညစ်ညမ်းရုပ်သံထည့်သွင်းမှုတို့ဖြင့် စွဲချက်တင်ထားသည်ဟု ဆိုသည်။

 

တဆက်တည်းတွင် လူငယ်စုံတွဲနှစ်ဦး၏လုပ်ရပ်သည် ထိုင်းလူငယ်များအတွက်အလွန်အမင်းသင့်လျော်မှုမရှိကြောင်း၊ လူငယ်များအားပတ်ပလစ်ဖြစ်သည့်လူမှုကွန်ရက်မီဒီယာပေါ်တွင်ညစ်ညမ်းရုပ်သံဝင်ရောက်ကြည့်ရှုရန်စည်းရုံးမှုရှိကြောင်း၊ လူငယ်များအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယူကျုနှင့်တွစ်တာပလက်ဖောင်းများတွင် ထပ်မံဖြန့်ချိရန်ပြင်ဆင်နေသည်ကိုတွေ့ရှိရကြောင်း စသည့်အထောက်အထားများအရ ကြီးလေးသည့်ပြစ်မှုဖြစ်၍အာမခံပေးမည်မဟုတ်ဘဲ စမွတ်ပရာကန်ခရိုင်တရားရုံးတွင်ရမန်ယူ၍ ရဲစခန်းတွင်ချုပ်နှောင်ထားမည်ဟု ဆိုက်ဘာရဲအရာရှိက ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS