12 May 2024

၂၀၂၂ မတ်လ ၁၀ ရက် (ယနေ့) နံနက် ၄ နာရီခန့်က ၆ ဘီးကားဖြင့် တရားမဝင် မြန်မာနိုင်ငံသား ၅၃ ဦးကိုတင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းလူမျိုးယာဉ်မောင်းနှင့်အတူ အယုဒ္ဒရခရိုင်တွင် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ မြန်မာနိုင်ငံဘက်က ပွဲစားကို တစ်ဦးလျင် ၂၆,၀၀၀ ဘတ်မှ ၂၈,၀၀၀ ဘတ်ခန့်ပေးပြီး လာခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ကားသမားကတော့ ၎င်းဟာ တရားမဝင် လူပို့ဂိုဏ်းနဲ့ စပ်ဆက်မှုမရှိကြောင်း၊ ၎င်းကို ကဘင်ဘူရီရှိ ပွဲစားတစ်ဦးမှ တစ်ခေါက်လျင် ဘတ် ၂၀,၀၀၀ ပေးပြီး တရားမဝင်မြန်မာ နိုင်ငံသားတွေကို ဘန်ကောက်သို့ ပို့ခိုင်းခဲ့တာဖြစ် တယ်လို့ ထွက်ဆိုပါတယ်။

အာဏာပိုင်တွေကတော့ တရားမဝင်မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားကိုသိမ်းဆည်းထားပြီး ယာဉ်မောင်းမှ တစ်ဆင့် ကွင်းစက်ချဲ့ကာ တရားမဝင် လူပို့ဂိုဏ်းတွေကို နှိမ်နင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့သူတွေကိုတော့ နေရပ်ပြန်ပို့ရန်အတွက်နယ်မြေခံရဲစခန်းတွင် ချုပ်နှောင်ထားလျက်ရှိတယ် လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS