26 April 2024

,

ရွှေ့ပြောင်းမြန်မာအများစုနေထိုင်တဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ခွန်ထီယန် ၁၄ လမ်းထိပ်က ဆီဆိုင်တွင် အသက်စက်စက်ကားတစ်စီးက ဟန်ချက်ပျက်ပြီး ဆီဆိုင်အတွင်းမှာ ဆီဖြည့်နေတဲ့ ကားကို အရှိန်ဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆီဆိုင်တွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ဆီပေးစက်နှင့် ကားကြားမှာ ညပ်ပြီး ခြေထောက်ပြတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဟန်ချက်ပျက်ပြီးဝင်တိုက်ခဲ့တဲ့ကားဟာ ထိုင်ခုံနှင့် စီယာတိုင် မှာကပ်ထားတဲ့ ပလတ်စတစ်တွေတောင် မခွာရသေးတဲ့ ကားအသစ်ချွတ်ချွတ်ဖြစ်ပြီး Car Showroom က ထွက်လာပြီး နာရီပိုင်းလေးမှာတင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ယာဉ်မောင်းအမျိုးသမီးဟာ ကားမောင်းသိပ်မကျွမ်းကျင်သေးကြောင်းယူဆရပါတယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဆီဆိုင်မှာအလုပ်လုပ် ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကို မေးမြန်းခဲ့ရာ

“ကျွန်တော်ဆီထည့်နေတုန်း ကားတစ်စီး ဟန်ချက်ပျက်ပြီး ဆီဖြည့်နေတဲ့ ကားတစ်စီးကိုဝင်တိုက်တာ တွေ့လိုက်ရတယ် အဲဒီနေရာကိုသွားကြည့်တော့ ကျွန်တော်တို့ရဲ့လုပ်ဖေါ်ကိုင်ဖက် မြန်မာအမျိုးသမီးတစ်ဦး ခြေထောက်ပြတ်နေတာတွေ့ရတယ် နောက်တစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ရခဲ့တယ် ကားမောင်းလာတဲ့ အမျိုးသမီးက ကားပေါ်က လာဆင်းကြည့်ချင်းတော့ ခြေထောက်ပြတ်နေတာတွေ့ပြီး သူလည်း မူးလဲသွားတယ်” လို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS