3 May 2024

အစိုးရထောက်ပံငွေ ဘတ် ၁၁၀ သန်း အကတိလိုက်စားမှုဖြင့် ခရိုင်သံဃာ့နာယကကော်မတီတွဲဖက် ဉက္ကဋ္ဌအခန်းကို ဝင်ရောက်စစ်ဆေးရာ ဘတ် ၂၁ သန်းတန်ဖိုးရှိမြေဂရန် ၃ စောင်အပါအဝင် အရက်၊ လေ သေနတ်နှင့်ကွန်ဒုံး တွေ့ရှိဟု ထိုင်းအကတိလိုက်စာမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်။

မြို့တော်ဗန်ကောက်အရှေ့ဘက်ရှိ နခွန်နာယွတ်ခရိုင်တွင် ဘုန်းကြီးကျောင်း ၁၁ ကျောင်းအတွက် ကျောင်းဆောင်များပြန်လည်ပြုပြင်မွမ်းမံရန် ထိုင်းနိုင်ငံဗုဒ္ဓသာသနာညွှန်ကြားရေးမှူးရုံးမှထောက်ပံ့ငွေ ဘတ် သန်း ၁၁၀ အကတိလိုက်စားမှုဖြင့် ခရိုင်သံဃာ့နာကယကော်မတီတွဲဖက်ဉက္ကဋ္ဌဖြစ်သည့် ဝပ်ခေါင်း ထုရင်ယန်ကျောင်းထိုင်ဆရာတော်အခန်းကို နခွန်နာယွန်မြို့မရဲစခန်းမှတာဝန်ရှိသူများနှင့်အကတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ကဝင်ရောက်စစ်ဆေးရာတွင် ကာလတန်ဖိုး ဘတ် ၂၁ သန်းရှိမြေဂရန် ၃ စောင်၊ အရက် ၃ ပုလင်း၊ လေသေနတ် ၁ လက်၊ ကွန်ဒုံး ၁ ခု တွေ့ရှိခဲ့ကြောင်း ယနေ့နေ့လယ် ၁၁ နာရီအချိန်တွင် သတင်းထုတ်ပြန်ထားသည်ဟု Manager online သတင်းဌာနကဖော်ပြထားသည်။

 

 

ထိုင်းနိုင်ငံဗုဒ္ဓသာသနာညွှန်ကြားရေးမှူးဟောင်းဖြစ်သူ နွပ်ဖရတ် ဘင်ကျဝတ္ထနာနန် က ခရိုင်သံဃာ့နယ

ကကော်မတီတွဲဖက်ဉက္ကဋ္ဌဖြစ်သူ ဝပ်ခေါင်းထုရင်ယန်ကျောင်းထိုင်ဆရာတော်ကို ခရိုင်အတွင်းရှိ ကျောင်းဆောင်ပြန်လည်ပြုပြင်မွမ်းမံလိုသည် ဘုန်းကြီးကျောင်းများကိုစာရင်းကောက်စေပြီး ကျောင်း ၁၁ ကျောင်းရှိကျောင်းဆောင်များကိုပြန်လည်မွမ်းမံရန်အတွက် ထောက်ပံငွေ ဘတ် ၁၂၃ သန်း ချပေး လိုက်သည်ဟု ရဲဗိုလ်ချုပ်ကြီး ဖိထတ် ကဆိုသည်။

ထောက်ပံ့ငွေရှိလာသည့်အခါ တွဲဖက်ဉက္ကဋ္ဌကယင်းဘုန်းကြီးကျောင်းတစ်ကျောင်းစီရှိ ကျောင်းထိုင်ဆရာတော်များထံသွားရောက်ပြီး ရရှိလာသည့်ထောက်ပံ့ငွေအားလုံးကို ငွေသားထုတ်ယူပြီး မိမိထံအကုန်ပို့ပေးရန်ညွှန်ကြားကာ တချို့တဝက်ကိုသာ ပြန်ပို့ပေးသည်ဟု ဆိုသည်။

အဆိုပါဘုန်းကြီးကျောင်း ၁၁ ကျောင်းကို ဘတ် ၁၃ သန်းသာပြန်လည်ပေးပို့ခဲ့ပြီး ကျန်ရှိသည့် သန်း ၁၁၀ ကို နွပ်ဖရတ်ဆိုသူနှင့်ခွဲဝေကြသည်ဟု ဆိုသည်။

ထိုငွေများကို နွပ်ဖရတ်ဆိုသူ၏ဇနီးနှင့်သမီးနာမည်ဖြင့် မြေကွက်များဝယ်ယူထားကြပြီး ဝပ်ခေါင်းထုရင်ယန်ကျောင်းထိုင်ဆရာတော်က ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

ကနဉီးတွင် ဝပ်ခေါင်းထုရင်ယန်ကျောင်းထိုင်ဆရာတော်ကို အကတိလိုက်စားမှုဉပဒေ ပုဒ်မ ၁၄၇၊ ၁၅၇ အပါအဝင် ငွေကြေးခဝါချမှုဖြင့်တရားစွဲထားသည်ဟု ရဲဗိုလ်ချုပ်ကဆိုသည်။

 

 

ထိုင်းအကတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဘုန်းကြီးကျောင်းထောက်ပံငွေဆိုင်ရာ အကတိလိုက်စားမှုစုစုပေါင်း ၁၀၈ မှုအထိစစ်ဆေးနိုင်ခဲ့ပြီး ၄၂ မှုမှာ အမိန်ချမှတ်နိုင်ပြီဟု အကတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် လက်ထောက်အတွင်းရေးမှူး စောရချိုင် ကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်စ၍ ယခုအချိန်ထိ ဘုန်းကြီးကျောင်းထောက်ပံငွေအကတိလိုက်စားမှုကြောင့်ဆုံးရှုံးနစ်နာမှုသည် ဘတ်သန်း ၇၀၀ ထက်မနည်းရှိသည်ဟု ၎င်းကဆိုသည်။

ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS