4 May 2024

မတ်လ ၂ ရက်နေ့တွင် နွေရာသီထဲကူးပြောင်းပြီး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိခုန်တက်မည်ဟုထိုင်းမိုးလေဝသနှင့်ဇလဗေဒဉီးစီးဌာန ထုတ်ပြန်။

ထိုင်းနိုင်ငံတွင် မတ်လ ၂ ရက်နေ့ကစ၍ ဆောင်းရာသီကုန်ဆုံးပြီး နွေရာသီထဲကူးပြောင်းကာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ ခုန်တက်မည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ယမန်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအထက်ပိုင်းနေရာတော်တော်များများမှာ နေ့ခင်းဘက်၌ ပူပြင်းလာမှာဖြစ်ပြီး ၃၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် အပူချိန်မြင့်တက်လာမယ်လို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာ ထိုင်းနိုင်ငံအထက်ပိုင်းကိုတိုက်ခတ်နေတဲ့ အရှေ့မြောက်မုတ်သုံလေဟာ တောင်လေ သို့မဟုတ် အရှေ့တောင်လေအဖြစ်အသွင်ပြောင်းသွားပြီဖြစ်တာကြောင့် နွေရာသီထဲကိုဝင်ရောက်ပြီလို့ ဆိုပါတယ်။

မည့်သို့ဆိုစေ နွေဦးရာသီမှာ ရာသီဉတုကမောက်ကမဖြစ်ပြီး ရံဖန်ရံခါမိုးရွာသွန်းမယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့ အချိန်ကာလတစ်ခုခန့် မနက်ပိုင်းမှာရာသီဉတုအေးမြနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့် မေလလယ်ပိုင်းလောက်မှာ နွေရာသီကုန်ဆုံးမယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS