1 May 2024

သြဂုတ်လ ၄ ရက်၊ ၂၀၂၂

မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင်လုပ်သားတွေ ဝင်ရောက်မှုပိုများလာပါတယ်။ သြဂုတ်လ ၂-၃ ရက်စပ်ကြားမှာ ခိုးလမ်းကလာတဲ့ မြန်မာလုပ်သားတွေ ၁၀ ကြိမ်ခန့်ဖမ်းမိတယ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့များထံကသိရပါတယ်။

 

 

ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ် ကန်ကျနဘူရီခရိုင်ဘက်ကို တောလမ်းဖြင့်ဝင်ရောက်လာကြတာပါ။ သြဂုတ်လ ၂-၃ ရက်အတွင်း ၄ ကြိမ်ဖမ်းမိခဲ့ပါတယ်။ မြန်မာ ၄၅ ယောက်နဲ့ လမ်းပြ ၅ ယောက်၊ ကား ၅ စီးနဲ့အတူဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

 

 

ထို့အတူ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခမ်ခရိုင်ဘက်မှာ သြဂုတ် ၂-၃ ရက်အတွင်း တရားမဝင်မြန်မာတွေအုပ်စုကို တောလမ်းခရီးမှာ ၄ ကြိမ်ထပ်မံဖမ်းမိတယ်။ ၄ ကြိမ်ထဲမှာ ၁၁၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ တရားမဝင်မြန်မာ ၁၀၀ ကျော်နဲ့အတူ လမ်းပြ ၃ ဦး၊ ကား ၄ စီးပါ၊ ဖမ်းမိတာလို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့များထံကသိရပါတယ်။

 

 

ထိုင်းကိုဝင်ရောက်တဲ့နေရာမှာ အဖမ်းခံရတဲ့ တရားမဝင်လုပ်သားတွေသိသိသာသာ လျော့ကျလာခဲ့ပေမယ့် ထိုင်းမှာထပ်မံဘတ်ရိုတ်ပေးနေပြီဟု သတင်းတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာ တရားမဝင် ဝင်ရောက်သူတွေပိုများလာတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။

 

 

၂ ရက်အတွင်းအဖမ်းခံရတဲ့ မြန်မာ ၂၀၀ ဦးခန့်မှာ မြန်မာနိုင်ငံရဲ့ မြို့နယ် ၆ ခုကနေလာခဲ့ကြတယ်လို့သိရပါတယ်။ ယခင်တုန်းက ထိုင်းဝင်ရောက်တဲ့ခရီးစရိတ်မှာ ၁၀၀၀၀ ဝန်းကျင်ရှိပေမယ့်၊ လက်ရှိဈေးက ၃၀၀၀၀ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

ဓါတ်ပုံ – กองทัพบก

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS