3 May 2024

ဗန်ကောက် ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ထိုင်းလဝကအချုပ်ခန်းတွင် ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သားတွေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက် ၂၀၂၃ တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ မြန်မာလုပ်သားတွေမှာ ချုပ်ရက်ပြည့်လို့အိမ်မပြန်ရတဲ့အတွက် အိမ်ပြန်ခွင့်ရရန် ဆန္ဒပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

 

အဲဒီနေရာကို ဇန်နဝါရီလ ၂၉ ရက် ၂၀၂၃ နေ့တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဉီးတင်အောင် သွားရောက်ခဲ့ပြီး IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ ဗန်ကောက်မြန်မာသံရုံးမှ ဇန်နဝါရီလ ၃၀ ရက် ၂၀၂၃ တွင် ထုတ်ပြန်ပါတယ်။

 

အလုပ်သမားသံအရာရှိ ဉီးတင်အောင် သွားရောက်ခဲ့ပြီး မြန်မာလုပ်သားများနေရပ်ပြန်နိုင်ရေးအတွက် ယခုလိုစီစဥ်ပေးခဲ့ကြောင်းသိရပါတယ်။

 

 

ထိန်းသိမ်းထားတဲ့မြန်မာလုပ်သားတွေမှာ ၆၀၀ ဉီးရှိပြီး၊ လာမည့် ၂-၂-၂၀၂၃ ရက်နေ့တွင် ၂၂၀ ဉီး၊ ၈-၂-၂၀၂၃ ရက်နေ့ နှင့် ၁၅-၂-၂၀၂၃ ရက်နေ့တို့တွင် ကျန်ရှိသူများကို မြန်မာနိုင်ငံဘက်ကို ပြန်နိုင်ရေး ကော့သောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS