26 April 2024

,

တရုတ်တိုင်ပေကိုအနိုင်ယူပြီး ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်အသင်း သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်

မနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဗီယက်နမ်အသင်းနဲ့တရုတ်တိုင်ပင်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆီယံကိုယ်စားပြုဗီယက်နမ်အသင်းက ၂-၁ ဂိုးနဲ့အသား

စီးရယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ကမ္ဘာ့ဖဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ ပလေးအော့ဖ် ၃ သင်းအဆင့်မှာ ထိုင်းအသင်းကိုလည်း ၂ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်တဲ့အတွက် ၂ ပွဲကစားပြီး ရမှတ် ၆ မှတ်အပြည့်ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းကို ၃ ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့တဲ့ တရုတ်တိုင်ပေအသင်းကတော့ တခြားဇုန်နဲ့ပလေးအော့ဖ်ကစားရမှာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အာဆီယံအသင်းတွေဖြစ်ကြတဲ့ ဖိလစ်ပိုင်အသင်းနဲ့ဗီယက်နမ်အသင်းတို့ ထူးထူးခြားခြားခြေစစ်ပွဲအောင်မြင်ခဲ့ပေမဲ့ နာမည်ကြီးထိုင်းအသင်းကတော့ ထင်သလောက်ခရီးမပေါက်ဘဲ တခြားဇုန်ကအသင်းပေါင်း ၁၀ သင်းနဲ့အတူ (inter-confederation play-offs) ပလေးအော့ဖ်ဆက်လက်ကစားရမှာဖြစ်သလို ၁၀ သင်းအနက် ၃ သင်းသာကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ရရှိမှာပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS